ငါ့ outfits က အဆင်မပြေနေဘူးကွာ။လူတွေကြားထဲ နေရခက်မှာ အမှန်ပဲ။"ညည်းညူလိုက်သော Jennie စကားကြောင့်
Jisoo က သူမဝတ်ရမည့် ဝတ်စုံကို နောက်ဆုံးအကြိမ် စစ်ဆေးရင်း လှမ်းကြည့်သည်။"အဆင်ပြေသွားမှာပါ။ငါတို့ တစ်ယောက်
မဟုတ်တစ်ယောက် ဝတ်စုံ ပြဿနာဖြစ်တာ မထူးဆန်းတော့ဘူးမလား။ကဲပါ။ လုပ်။ အခုသွားလဲတော့။ငါ့ဟာက ဒီ ကြယ်သီးလေး သေချာတပ်ခိုင်းရဦးမယ်။ခဏနေ တိုးဝှေ့နေရမယ်။သွား။သွား။"သူမတို့ interviews ရှိသဖြင့် ပြင်ဆင်နေကြခြင်းပါ။
မကြာခင် BLACKPINK 3th anniversary ကိုကျင်းပပြီး Summer Diary ရိုက်ကူးရေးလဲ စတော့မှာမို့ ကမ်းလှမ်းထားသမျှ ပြည်တွင်းပြည်ပ interviews များကို လျှော့ချရန် အလုပ်များနေကြသည်လေ။
Jennie ကတော့ အဝတ်လဲခန်းတွင် ဝန်ထမ်းကောင်မလေး၏အကူအညီဖြင့် သူမဝတ်ဆင်ရမည့် outfits ကို စိတ်မပါစွာ ဝတ်ဆင်နေရသည်။
Lisa နှင့် Jennie စကားမပြောတာ တစ်ပတ်ပြည့်တော့မည်။
ဒီကြားထဲ Lisa က သူမ နှင့်အလုပ်တွဲလုပ်သော ကုမ္ပဏီ၏ ထုတ်ကုန်အသစ် branded Embassor အဖြစ် ခန့်အပ်ခံရကာ ရိုက်ကူးရေးများ မရပ်မနား လုပ်နေရသည်မို့ members များနှင့် တွေ့ဆုံချိန် မရခဲ့။
"ဒီနေ့ interviews က ဂျပန်ကုမ္ပဏီကဆို။ ဟုတ်လား unnie"
"အင်း။Jennie ရဲ့ ပါတနာနဲ့ ဆက်စပ်တယ်ပြောတာပဲ။ဒါကြောင့် Jennie က ဦးဆောင်ရမှာ။3th anni အတွက်သတင်းစာရှင်းလင်းပွဲလဲ ပါမယ်တဲ့။"
"Lisa ကို အခုထိ မတွေ့သေးဘူး။သူဒီကိုမလာဘူးလား။"
"စုရပ်ကို တန်းသွားမယ်တဲ့။သူ့အတွက် stylest နဲ့ Designers တွေပါ တစ်ခါတည်းအဲ့ဒီမှာ ချိန်းထားတာ။သူအခုတလော အရမ်းပင်ပန်းနေတယ်။အဆင်မှ ပြေရဲ့လား မသိပါဘူး။"
"စိတ်ပင်ပန်းတာက ပိုဆိုးမှာပေါ့။ဟိုတပတ်က Jennie Unnie နဲ့ စကားများကြတာ နောက်ဆုံးပဲ။အဲ့နေ့ပြီး တိတ်ဆိတ်သွားတာ အခုချိန်ထိ။ဘာပဲ ဖြစ်ဖြစ် Lisa က ကြံ့ခိုင်ပါတယ်။သူအဆင်ပြေမှာပါ။"
Rosè ၏စကားကို တံခါးအကွယ်မှ နားထောင်ကာ မျက်ရည်ဝိုင်းနေသူက Jennie Kim.
အမှန်ဆို Jennie ကိုယ်တိုင်လဲ Lisa ကို ချစ်နေရသူ မဟုတ်ပါလား။
YOU ARE READING
အချစ်နဲ့ လက်တစ်ကမ်း
Fanfictionကောင်မလေးတွေကို ချစ်တဲ့စိတ်နဲ့ ပေါ့ပေါ့းပါးပါး ဖန်တီးမိထားတာလေးပါ။ အမှားအယွင်းများရှိခဲ့လျှင် နားလည်ပေးဖို့ တောင်းပန်လျက်။