Unicode 10

4K 256 38
                                    

warning အခန်းပါတာကြောင့် အဆင်မပြေရင်ကျော်ဖတ်ဖို့ ကြိုတင်တောင်းဆိုပါရစေ။
**

"unnie မူးနေတာလား။အနံ့လဲ မရပါဘူး။ဘာတွေ ဖြစ်ခဲ့လို့လဲ။ ဘာတွေ ဖြစ်နေတာလဲ။ညီမရှေ့ကနေ ဖယ်ပါဦး။သဘက်က....."

"မမူးဘူး Lisa. သောက်ဖို့်မပြောနဲ့ ညစာတောင်မစားရသေးဘူး။ဒါပေမဲ့ ညစာ ထက်နင်က ပိုအရေးကြီးတယ်။နင် ငါ့ကို ချစ်သေးတယ်မဟုတ်လား။ငါသိတယ်။"

ပြောပြောဆိုဆို Lisa ၏ ကိုယ်ပေါ်မှ မွေးပွသဘက်ကို ဆွဲယူလိုက်တာမို့ Lisa တစ်ယောက် ပူထူသွားရကာ

"Unnie ဘာလုပ်တာလဲ။ညီမ အရမ်းပင်ပန်းနေတာ။မလုပ်ပါနဲ့။....."

စကားမဆုံးခင်မှာပင် Jennie ၏ နှုတ်ခမ်းအစုံက Lisa ၏ နှုတ်ခမ်းပေါ် အုပ်မိုးကာ
အနမ်းပွင့်များ ချွေချလိုက်သည်မို့ Lisa တစ်ယောက် ပြေလျော့ကျနေသော သဘက်ကို တင်းတင်းဆုတ်ကိုင်ကာ မျက်လုံးအစုံကို မှိတ်ထားမိသည်။

တဖြည်းဖြည်း ကြမ်းတမ်းလာသော Jennie ၏ အနမ်းတို့က Lisa ၏ စိတ်ကို နှိုးကြားလာစေသည်ထင်သည်။

ညာဖက်လက်ဖြင့် မွေးပွသဘက်ကို တင်းတင်းဆုတ်ကိုင်ထားပြီး ဘယ်ဖက်လက်ဖြင့်Jennie ၏ ခါးသွယ်သွယ်လေးကို တင်းတင်းကြပ်ကြပ် ဖက်တွယ်လိုက်ကာ အနမ်းကြမ်းကြမ်းတို့ဖြင့် တုန့်ပြန်လိုက်သည်။

Jennie က Lisa ၏ နှုတ်ခမ်းများမှတဆင့် လည်တံတလျှောက် တရစပ် အနမ်းများ
ချွေချကာ အဆက်မပြတ် ခုန်နေသော ဘယ်ဖက်ရင်အုံပေါ် နှုတ်ခမ်းဖြင့်အသာအယာ ဖိကပ်လိုက်ပြီး

"Baby က ဒီညတော့ Unnie အပိုင်ပဲ။"

Lisa လဲ Jennie ကို ပြန်လည်တွန်းကန်ရင်း နှစ်ယောက်သား ခုတင်ပေါ် လုံးထွေးကျသွားကြသည်။

"ညီမကတော့ B ထိုင်ဖို့ စိတ်ကူးမရှိဘူးနော် unnie...."

စကားပင် မဆုံးလိုက်။Lisa ၏ ညာဖက်လက်တွင် ဆုတ်ကိုင်ထားဆဲ ဖြစ်သော
မွေးပွဘက်ကို Jennie က ဆွဲဖြုတ်လွှင့်ပစ်လိုက်ကာ

"အရမ်းစကားများတာပဲ။"

ပြောပြောဆိုဆို Lisa ၏ Belly များဖြင့် တောင့်တင်းနေသော ဝမ်းဗိုက်ဖြူဖြူပေါ်ကို အနမ်းတစ်ပွင့်ချွေချကာ ဗိုက်သားကို ရှေ့သွားလေးဖြင့် ဖွဖွ ကိုက်လိုက်လေသည်။

Lisa ကလဲ အရှုံးမပေးလိုဟန်ဖြင့် Jennie ၏ ညအိပ်ဝတ်စုံ ပါးပါးလေးသာ ဝတ်ထားသော ခန္ဓာကိုယ်လေးကို တွန်းဖယ်လိုက်လေသည်။

သို့သော် Jennie က ကြိုတင်သိမြင်ဟန်ဖြင့် Lisa ၏ လက်တံရှည်ကြီးကို တားဆီးလိုက်လေသည်။

"Interviews မှာ ငါဖြေခဲ့ဖူးတာကို နင်မှတ်မိတယ်မဟုတ်လား Lili. ငါက ငါချစ်တဲ့သူကို ဆိုရင် ပိုင်ဆိုင်ချင်တယ် ဆိုတာကိုပေါ့။"

"သိသားပဲ။ ညီမ ကို ရည်ရွယ်တယ်လို့မှ
မထင်ခဲ့တာ။ ဘယ်လိုပဲ ဖြစ်ဖြစ် unnie ရဲ့အချစ်တွေကို ညီမ ပိုင်ဆိုင်လိုက်ရပြီ လို့ ယူဆ ရတော့မှာလား။"

"တစ်ဘဝ လုံး အတွက်ပေါ့။ အရမ်း ချစ်တယ်နင့်ကိုငါ ဘယ်အခြေအနေ ရောက်ရောက် လက်လွှတ်မှာ မဟုတ်ဘူး။ နင် သေချာ မှတ်ထားလိုက် "

Lisa ၏ ခန္ဓာကိုယ် သွယ်သွယ်လေးပေါ်
လဲအိပ်ကာ တိုးဖွဖွ ပြောလိုက်သော စကားသံတို့က ကျယ်‌လောင်နေသောရင်ခုန်သံ
နှစ်ခုတို့အကြား ပေါ်လိုက်ပျောက်လိုက်။

နောက်ဆုံးမှာတော့ Lisa တစ်ယောက် Jennie ကို အရှုံးပေးလိုက်လေသည်။

ကလေးငယ် တစ်ယောက်လို လိုချင်တာကို ရအောင်ယူတတ်တဲ့ Jennie ကို အလိုလိုက်တာဆိုလျှင် ပိုမှန်ပေလိမ့်မည်။

Jennie ၏ ပျော့ပြောင်းပြောင်း လက်ချောင်းတို့က Lisa ၏ ခန္ဓာကိုယ် တစ်လျှောက် စုန်ချည်ဆန်ချည် ပြေးလွှားလျက်။

နှစ်ယောက်သား အသက်ရှူသံ ခပ်ပြင်းပြင်းတွေကို ဂဟေ ဆက်ကြရင်း ကောင်းကင်ဘုံသို့ ရောက်အောင် ကြိုးစားကူးခတ်ကြသည်။

တိမ်တွေပေါ်လွှင့်မျှောနေသော ခံစားချက်တို့ ၏ အဆုံးသတ်မှာ ပင့်သက်ရှိုက်သံ တိုးသဲ့သဲ့နှင့်အတူ နွမ်းလျလျက်။

"အရမ်းချစ်တယ် Lili.နင်ဟာ ငါ့ကို သူစိမ်းတစ်ယောက် ဖြစ်သွားစေတဲ့ ဖန်ဆင်းရှင်ပဲ။"

"Unnie.......ညီမ အိမ်မက် မက်နေတာ မဟုတ်ဘူးမလား။ unnie က..."

"ရှူး.....အိပ်ရအောင်။ ငါပင်ပန်းနေပြီ LaLisa."

နံဘေးတွင် ချထားသော စောင်ပါးပါးလေးကို ဆွဲယူကာ Lisa အပေါ် ခွထားလျက်ကပင် Jennie တစ်ယောက် အိပ်ပျော်သွားခဲ့လေသည်။

Lisa လဲ သူမကိုယ်ပေါ်မှာ ကလေးလေးတစ်ယောက်လို အိပ်ပျော်နေသော Jennie ကို နွမ်းနယ်သော မျက်ဝန်းဖျော့များဖြင့် ငေးကြည့်နေရင်းက

"Unnie ကို ဘယ်နတ်ဆိုးကများ စေခိုင်းလိုက်တာလဲ။ ညီမ က unnie ရဲ့အချစ်တွေကိုပိုင်ဆိုင်ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။အိပ်မက်တောင်မမက်ဖူးတဲ့ကိစ္စကို Unnie က....."

ဘယ်လိုပဲ ပြောပြော ထိုညက Jenlisa ၏ အိပ်မက်များ လှပခဲ့ကြလေသည်။

၁၁..ဆက်ရန်။

အချစ်နဲ့ လက်တစ်ကမ်းWhere stories live. Discover now