"တကယ် ကပ်စေးနှဲတဲ့ ဘွားတော်ပဲ။"တိတ်ဆိတ်နေသော ထမင်းဝိုင်းကို ဖြိုခွင်းလိုက်သူက Jennie
"ဘာဖြစ်ပြန်ပြီလဲ။"
"Yang ဥက္ကဌက သူ့ကို လုပ်ပိုင်ခွင့်တွေ လွှဲပေးလိုက်ပြီလေ။ နောက်နှစ် အနားယူတော့မယ် ဆိုလား။ အဲ့ဒါ လိုက်ပြီး ကန့်သတ်နေတာ။"
"ကန့်သတ်တာကတော့ မထူးဆန်းပါဘူးကွာ။ငါတို့က ကန့်သတ်ခံ ဘဝတွေပဲလေ။"
"မဟုတ်ဘူး။ တော်တော်ကို လွန်တာ။ ဟိုတစ်ပတ်ထမင်းဝိုင်းမှာ ကတည်းက ကြည့်ပါလား။အီတလီစာ ကို တစ်ခါမှ မစားဖူးတာ ကျနေတာပဲ။"
Jennie ၏ စကားကြောင့် Rosè က ရေသောက်နေရာမှ ခွီးကနဲ ထ ရယ်သည်။
Jisoo က ထမင်းစားခန်း တံခါးဝ ကို တစ်ချက် စောင်းကြည့်ပြီး ရုပ်တည်ဖြင့် ပြောသည်။
"ငါတို့ ပြောမယ် ပြောမယ်နဲ့ မေ့နေတာ။ အဲ့ဒီညနေက Lisa ငိုတယ် နင်သိလား"
Minjo နှင့် ထမင်းအတူ စားကြသည့် နေ့ကို ရည်ညွှန်းကြောင်း သူမတို့ ပြောစရာမလိုပဲ သဘောပေါက်ကြသည်လေ။
ယနေ့တော့ ညစာစားဝိုင်းမှာ Lisa မရှိ။
သူမတို့ လေးယောက်လုံး စုံစုံညီညီ ရှိကြသည်က ရှားပါးသည်ပဲ။
အဖွဲ့လိုက် အစီအစဉ် မရှိသရွေ့တော့ တစ်အိမ်ထဲ နေတာတောင် တွေ့ဖြစ်ကြဖို့ မလွယ်ကူလှ။
"Lili လား။ သူ ဝမ်းနည်းသွားတာကိုတော့ ငါ သိပါတယ်။ ငါလဲ မတွေ့ဖြစ်နေဘူးဟာ။ သူရောငါရော အလုပ်တွေ ဖြတ်နေရတာကွာ။"
"Minjo ဆိုတဲ့ကောင်က တကယ့်ဟာပဲ။ သူများအကြောင်း မပြောချင်ပေမဲ့ အဲ့ကောင်က တကယ်လွန်တယ်။"
"Jennie Unnie ကို ကြိုက်နေတာ နေမယ်။ ကြည့်တဲ့အကြည့်တွေကိုက အချိုးမပြေတာ။"
Rosè ၏ စကားကို Jisoo က ခေါင်းညိမ့်ထောက်ခံလိုက်သော်လည်း Jennie က သက်ပြင်းချ၍ ခေါင်းခါကာ
"မဟုတ်ပါဘူး။ သူက ဒီ Korea ကို
ပြန်ရောက်တာမှမကြာသေးတာ။ ငါတို့စံနှုန်းနဲ့ မကိုက်ညီတာ နေမှာပါ။""Unnie နော်။ အကောင်းမြင်မနေနဲ့။ unnie က မသိရင်တောင် ဘေးလူ ညီမတို့က သိတယ်။ Lisa အသိဆုံးဖြစ်မှာပဲ။ "
أنت تقرأ
အချစ်နဲ့ လက်တစ်ကမ်း
أدب الهواةကောင်မလေးတွေကို ချစ်တဲ့စိတ်နဲ့ ပေါ့ပေါ့းပါးပါး ဖန်တီးမိထားတာလေးပါ။ အမှားအယွင်းများရှိခဲ့လျှင် နားလည်ပေးဖို့ တောင်းပန်လျက်။