"ပင်ပန်းတယ်မဟုတ်လား။ ဟင် ...
ပင်ပန်း နေပြီမဟုတ်လား။ "နားထဲ တိုးဝင်လာသော စကားသံ တိုးဖွဖွ။
လက်ဖဝါးအစုံ ကို တစ်စုံတစ်ယောက်က ဆွဲယူ ဆုတ်ကိုင်ထားသလို အထိအတွေ့က နူးနူးညံ့ညံ့။
"ပင်ပန်းတယ် ဆိုတဲ့စကားဟာ အချစ်နဲ့
မသက်ဆိုင်တဲ့ အရာပါ။ ဘယ်အရာကမှ unnie တို့ကြားက အချစ်ကို ရပ်တန့်သွားအောင် မလုပ်နိုင်ဘူးဆိုတာ မှတ်ထားလေ"Jennie ၏ တိုးဖွဖွ စကားသံ အဆုံးမှာ မျက်ရည်များ ကြားမှ ခေါင်းထောင်လာသူက Lisa.
Jennie ၏ လက်အစုံကို ဆုတ်ကိုင်ကာ ခုတင်ပေါ်ကို မျက်နှာ မှောက်လျက် ငိုကြွေးနေခဲ့သည် မဟုတ်ပါလား။
"Unnie သတိရပြီလား။ unnie အဆင်ပြေ....."
စကားကိုပင် ဆုံးအောင် မပြောနိုင်ပဲ ခေါင်းက ပြန်လည် ညွတ်ကျသွားခဲ့တာမို့ Jennie တစ်ယောက် လက်မှာ ထိုးသွင်းထားသည့် အကြောဆေး ပိုက်ကိုပင် ဂရုမစိုက်နိုင်တော့ပဲ ခုတင်ပေါ်မှ ထ ထိုင်လိုက်မိသည်။
"Lili...Lili....အဆင်ပြေရဲ့လား။ unnie မေးတာ ဖြေပါဦး။"
"Jennie...စိတ်လျှော့။ စိတ်မလှုပ်ရှားနဲ့။ နင်အခုမှ သတိရလာတာမလား"
"Doctor.... Doctor....ဒီကို ခဏ"
အခန်းထဲ ပြေးဝင်ကာ သတိပေးလိုက်သော Jisoo နှင့် တာဝန်ကျ ဆရာဝန်ကို အပြေး ခေါ်လိုက်သော Rose ၏ အသံက VIP အခန်း တစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။
"Lisa က ဆေးသွင်းပြီး အနားယူရမှာ။ နင်သတိရမှ နားပါရစေ ဆိုပြီး ပေကပ်နေတာ။ အရမ်း မစိုးရိမ်နဲ့"
ဟုတ်ပါရဲ့။ အခုမှ သတိထားမိသည်။
သူမရော Lisa ပါ ဆေးရုံ ဝတ်စုံ အဖြူရောင်ကို ဝတ်ဆင်ထားခဲ့သည်ပဲ။အဖြစ်အပျက်တို့က အိပ်မက်တစ်ခုလို ဝိုးတဝါး ။
အခု ဘယ်အချိန် ရှိနေပြီလဲ။
ငါ နောက်ဆုံး ဘာလုပ်ခဲ့တာလဲ။
"မနက် ၉ နာရီ ထိုးပြီ။ နင် မနေ့ည ၇ နာရီလောက်ကတည်းက သတိမေ့နေတာ။ တစ်ညလုံး Lisa က နင့်ဘေးမှာ ထိုင်နေတာ။ နင် မှတ်မိပါတယ်နော်။"
YOU ARE READING
အချစ်နဲ့ လက်တစ်ကမ်း
Fanfictionကောင်မလေးတွေကို ချစ်တဲ့စိတ်နဲ့ ပေါ့ပေါ့းပါးပါး ဖန်တီးမိထားတာလေးပါ။ အမှားအယွင်းများရှိခဲ့လျှင် နားလည်ပေးဖို့ တောင်းပန်လျက်။