' ကိုယ့်ဘဝမှာ သိပ်ကိုချစ်ခဲ့ရဖူးတဲ့ လူတစ်ယောက်ရှိတယ် ရွမ်ကျွင့် '
ကမ်းစပ်အထိ လိပ်လိပ်တက်လာသည့် ရေလှိုင်းနုလေးတွေကြား ခြေဖျားတို့အားနှစ်ထားရင်း ဆည်းဆာနေဝင်ချိန်မို့ တောင်စွယ်မှာကွယ်တော့မည့် နေမင်းကြီးအားကြည့်၍ ကျွန်တော်ပြောတော့ ရွမ်ကျွင့်က ငြိမ်သက်၍နားထောင်နေပေးသည် ။
' လူတွေက အဲ့ဒါဟာ ကိုယ်ရူးသွပ်ခဲ့တဲ့ အိပ်မက်ထဲက တကယ်မရှိခဲ့တဲ့လူလို့ ပြောနေကြပေမဲ့ ကိုယ်သူ့ကိုသိပ်ချစ်တယ် ရွမ်ကျွင့် ။ သူ့မျက်လုံးလေးတွေက ပင်လယ်ပြာကို ကိုယ်စားပြုတယ် ။ သူ့အပြုံးလေးတွေက ပုလဲလုံးလေးတွေ သီထားသလားပဲ ။ သူ့ဆံနွယ်လေးတွေ လေဝေ့လို့ရမ်းခါသွားတိုင်း ဟိုကောင်းကင်ယံက တိမ်မျှင်တန်းတွေလို့တောင် ကိုယ်သတ်မှတ်မိတယ် '
' သူကသိပ်ချောတာပဲလား ကို '
ခပ်ဖြေးဖြေး ကျွန်တော်ခေါင်းညိတ်ပြရင်း ရွမ်ကျွင့်ရဲ့လဲ့ဖြာနေတဲ့
မျက်ဝန်းနက်နက်လေးတွေအား ငေးစိုက်ကြည့်လိုက်ပြီး...' မင်းနဲ့တစ်ထေရာတည်း ချွတ်ဆွတ်တူတယ် ရွမ်ကျွင့် ။ မင်းမျက်စံလေးတွေသာ မဟူရာအသွင်ကိုဆောင်မနေခဲ့ရင် မင်းဆံပင်လေးတွေသာ ပန်းနုရောင်သမ်းမနေခဲ့ရင် မင်းခြေထောက်လေးတွေသာ ရေထိလိုက်လည်း မပြောင်းလဲပဲ ခိုင်မြဲလို့မနေခဲ့ရင် ကိုယ်သေချာတယ် မင်းကိုရွမ်လို့ပဲ ကိုယ်သတ်မှတ်မိမှာ '
ရွမ်ကျွင့်ပါးနုနုလေးအားကိုင်ကာ ကျွန်တော်ရေရွတ်တော့ ရွမ်ကျွင့်က နှစ်နှစ်ကာကာပြုံးသည် ။
' အခုလည်း ကျွန်တော်က ကို့ရဲ့ရွမ်ပဲဟာ '
' ကိုယ့်ရဲ့ရွမ် '
ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ ။
အဲ့နေ့က ရွမ်ကို ကိုယ် ကိုယ်တိုင်လက်လွှတ်ပေးခဲ့တာ ။
ကိုယ့်အချစ်တွေစတင်ခဲ့တဲ့ ပင်လယ်ပြာရဲ့ရင်ခွင်ထဲမှာပဲ ကိုယ့်အချစ်တွေကို ပြန်လည်နစ်မြှုပ်စေခဲ့တာ ။
အဲ့ဒါ ဟွမ်းရွမ်ကျွင့်ဆိုတဲ့ မင်းနဲ့မဆုံးခင်အချိန်တစ်ခုအထိပဲ ... ။
YOU ARE READING
Kısa Hikayeပင်လယ်ပြာကို သက်သေတည်ပြီး ကိုယ်တိုင်တည်တယ် အဆုံးမရှိကျယ်ပြောတဲ့ ပင်လယ်ပြင်ဟာ အတိုင်းအဆမဲ့သလို မင်းကိုချစ်တဲ့ကိုယ်အချစ်တွေဟာလည်း အနှိုင်းမဲ့ပါ Ren ။ NoRen Mini fiction🌊 [ Unicode ] ပင်လယ်ပြာကို သက်သေတည်ပြီး ကိုယ်တိုင်တည်တယ် အဆုံးမရှိကျယ်ပြောတဲ့ ပင...