04

3.6K 538 9
                                    

[  Zawgyi  ]
  
ကတ်နက်ဖေးသည် အခန်းထဲမှထွက်လာပြီးနောက်အဖိုး၏စာဖတ်ခန်းထဲသို့ ပြန်ဝင်လာလိုက်သည်။ အရာဂီသည် ဘာကိုမှမမှတ်မိသောကြောင့် ဘာမှမေးမရဖြစ်နေ၏။ သို့သော် အရာဂီ၏ အကြောင်းအား သိချင်လွန်း၍ ကိုယ်တိုင်သာရှာဖွေရန် ကြိုးစားလိုက်သည်။

အရာဂီအား မုန့်များပေးခဲ့ထားပြီး ထိုင်ခုံတွင် ထိုင်စေပြီး ထားခဲ့ရသည်။ ထို့နောက်ကတ်နက်ဖေးသည် စာဖတ်ခန်းထဲသို့ရောက်လာသည်။ သူသည် အခန်းပတ်လည်အား ဝေ့ကြည့်ရင်း တစ်ခုခုထူးခြားမလား စောင့်နေမိသည်။သို့သော် ထူးခြားမှုမရှိပေ။ ကတ်နက်ဖေးသည် စားပွဲအနားကိုသို့သွားကာ အံဆွဲများအား ဖွင့်ကြည့်မိသည်။

အထဲတွင် စာရွက်များ၊ ဓာတ်ပုံများသာရှိသည်။ ၎င်းတို့သည် နှစ်ပေါင်းကြာပြီဖြစ်၍ပိုးကောင်များကိုက်ထားခြင်းကိုခံထားရသည်။ သူသည် စာရွက်ပေါ်မှ စာလုံးများအား ကြည့်လိုက်သောအခါ  အရုပ်စာများဖြစ်နေလေသည်။ထို့အပြင် ရှေးအီဂျစ်များအကြောင်းလဲ ရှိနေသေးသည်။ အီဂျစ်ဘုရင်များ ၊ ပိရမစ်များ အကြောင်းများသာရှိပြီး အရာဂီ၏ အကြောင်းလုံးဝမရှိပေ။တချို့စာရွက်များသည်အဝါရောင်အကွက်များပေါ်နေကာ စာများအားဖတ်၍မရတော့ပေ။

ကတ်နက်ဖေးသည် ထိုစာရွက်များအား ပြန်ချကာ စာအုပ်စဉ်အနားသို့သွားလိုက်သည်။စာအုပ်စဉ်အနားသို့သွားရင်း သူဖတ်ချင်သော စာအုပ်အားရွေးနေမိသည် ။စာအုပ်များသည် သမိုင်းကြောင်းများဖြစ်သည်။ တခြား ဝတ္တုစာအုပ်များလဲ ပါသေးသည်။ ကတ်နက်ဖေးသည်အီဂျစ်သမိုင်းအကြောင်းများပါသာ စာအုပ်များ ၊ အီဂျစ်နတ်ဘုရားများအကြောင်းပါသော စာအုပ်များကို ရှာဖွေကာ ကြမ်းပြင်တွင်ထိုင်ချလိုက်သည်။ ထို့နောက်ဖုန်တက်နေသော စာရွက်များအား အဝတ်စုတ်တစ်ခုနှင့်သုတ်ကာ စတင်ဖတ်ရှု့လိုက်၏။ စာအုပ်ထဲတွင်ပါသော အကြောင်းအရာများအား သေချာစိတ်ဝင်တစားဖတ်နေလိုက်သည်။

အချိန်တစ်ခုထိကြာအောင် ဖတ်ပြီးနောက်သူသည် လက်ထဲမှစာအုပ်အား ပြန်ပိတ်လိုက်၏။ စာအုပ်၁၀အုပ်ခန့် ဖတ်ပြီးသော်လည်း သူသိချင်သောအရာက ရှိမနေပေ။ အရာဂီဆိုသော နာမည်အားလုံးဝမရှိပေ။ကတ်နက်ဖေးသည် စာအုပ်စဉ်အားမှီကာ စဉ်းစားနေမိသည်။ သူ၏ အဖိုးသည် ဤခေါင်းတလားအား မည်သည်နေရာမှယူလာသနည်း။ ထို့နောက် ဘာကြောင့်အိမ်ထပ်ခိုးတွင်ဖွက်ထားသနည်း။အရာဂီသည် မည်သူနည်း။ အတော်ကိုထူးဆန်းလှသည်။ လွန်ခဲ့သော ၁၀နှစ်ခန့်က သူ၏ အဖိုးသည် သူ့အား ထိုအကြောင်းကိုလုံးဝမပြောပေ။ ထပ်ခိုးပေါ်သို့ တတ်ရန်လဲ ခွင့်မပြုပေ။

ARAGI : Son Of Set Where stories live. Discover now