[ Zawgyi ]
ကတ်နက်ဖေးသည် ခြံရှေ့သို့ရောက်သောအခါကားအား အရှိန်သတ်လိုက်၏။ သူသည် ဟွန်း၂ချက်ခန့်တီးလိုက်သောအခါ လူတစ်ယောက်သည် ပြေးထွက်လာပြီး ခြံတံကိုဖွင့်ပေးသည်။ထို့နောက် သူသည် ကားအား ခြံထဲသို့မောင်းဝင်ကာ အိမ်ရှေ့တွင်ရပ်လိုက်၏။ ကတ်နက်ဖေးသည် လွယ်အိတ်အားလွယ်ကာ ကားပေါ်မှဆင်းလိုက်ပြီး အိမ်ရှေ့ဝင်ပေါက်သို့ကြည့်လိုက်သောအခါ သူ၏ မိခင်က ထွက်လာလေသည်။
Mrs.ဖေး သည် ပြုံးရွှင်ကာဖြင့်သားဖြစ်သူ ကတ်နက်ဖေး၏ အနားကိုသို့ရောက်လာလေသည်။ ကတ်နက်ဖေးသည် ပြုံးရွှင်နေသောမိခင်ကြောင့် လက်နှစ်ဖက်အားဖွင့်ဟကာ ပွေ့ဖက်လိုက်သည်။
ထို့နောက် Mrs.ဖေးကပျော်ရွှင်နေသောအသံနှင့် ပြောလာ၏။
"လွမ်းနေတာ ၊ နေနိုင်လိုက်တာ"
မိခင်၏ စကားကြောင့် ကတ်နက်ဖေးသည် ခပ်ဟဟရယ်မိသည်။ သူသည် ဖက်ထားရာမှခွာကာ Mrs.ဖေး၏ ပခုံးပေါ်သို့ လက်တင်ကာဖက်ထားလိုက်သည်။
" ၂ရက်တည်းရယ်လေမာမီ"
"မာမီကတော့ ဖေးကိုလွမ်းတယ်"
နှစ်ယောက်သားပြုံးရင်းအိမ်ထဲသို့ဝင်လာလိုက်၏။
အိမ်ကြီးသည် အရမ်းကြီး ကြီးမားနေခြင်းမဟုတ်။ ကတ်နက်ဖေးတို့မိသားစုသည် ပိုင်ဆိုင်မှုများသော မိသားစုတစ်စုဖြစ်သည်။ မြို့ထဲတွင်ရှိသော စားသောက်ဆိုင်များသည် သူတို့မိသားစု၏ ပိုင်ဆိုင်မှုဖြစ်၏။
ကတ်နက်ဖေးတို့မိသားစု အရမ်းကြီးကျိကျိတတ်ချမ်းသာတာမျိုးမဟုတ်ဘဲ သာမာန်ချမ်းသာသော မိသာစုပင်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် LA တွင် သူတို့မိသားစုထက်ပိုပြီး ချမ်းသော လူများမှာ အလွန်ပင်များပြားသောကြောင့်ဖြစ်သည်။
အိမ်ထဲသို့ရောက်သောအခါကတ်နက်ဖေးသည်လှေကားနားသို့ ဦးတည်လာခဲ့သည်။ Mrs.ဖေး သည်လည်း ဘေးနားမှလိုက်ပါလာသည်။
ထိုစဉ် Mrs.ဖေးက ဆိုသည်။
" အဖိုးအိမ်မှာအဆင်ပြေလား"
"ပြေပါတယ်"
"အင်း အိမ်ကြီးကတော့ ရှုပ်ပွနေမယ်ထင်တယ်"