Son Of Seth

15K 699 16
                                    

[  Zawgyi  ]
  









27.7 2021
__________________________

[  Unicode ]
   
ဆတ် ( Set,Seth, Suetekh) .. မုန်တိုင်းများရဲ့ နတ်ဘုရား.. ပရမ်းပတာဆန်တဲ့ နတ်ဘုရား .. နတ်ဆိုးလို့လဲ ယုံကြည်ကြတဲ့ ဆတ် ... သဲကန္တာရကို အုပ်ချုပ်တဲ့ အီဂျစ်နတ်ဘုရား ဆတ် ....။

ချစ်ရတဲ့မိဖုရားက အသတ်ခံလိုက်ရတာကို မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ရတဲ့ အီဂျစ်ပြည်က ဖာရို အရာဂီ ... အချစ်ဆုံး မိဖုရားရဲ့ အသားအပိုင်းအစတွေနဲ့အတူ မီမံအဖြစ်စီရင်ခြင်းခံလိုက်ရတဲ့ ဆတ်ရဲ့သားတော် အရာဂီ  ...

ကျွန်မက ဟိုးငယ်ငယ်လေးကတည်းက နတ်ဘုရားတွေအကြောင်းကိုအရမ်းစိတ်ဝင်စားတယ်။ ဒါကြောင့် နတ်ဘုရားတွေအကြောင်းကို လေ့လာဖြစ်ခဲ့တယ်။စာအုပ်တွေဝယ်ဖတ်ဖို့အဆင်မပြေတော့ wiki ကိုပဲအားကိုးပြီးလေ့လာခဲ့ရပါတယ်။ ပြီးတော့ အီဂျစ်အကြောင်းတွေကိုလဲ ကျွန်မတအားစိတ်ဝင်စားပါတယ်။

ငယ်ငယ်တုန်းကတည်းက စာတောင်သိပ်ပြီးမဖတ်တတ်သေးတဲ့အချိန်မှာ အဖေနဲ့အကိုကအီဂျစ်ဇာတ်လမ်းတွေကိုတအားကြည့်ပါတယ်။အဲ့တုန်းတည်းကရုပ်ပုံလောက်ပဲကြည့်နိုင်ခဲ့ပေမဲ့ အတော်လေးကို စွဲလမ်းခဲ့ပါတယ်။ ပြီးရင်လဲအငြိမ်မနေတတ်ပါဘူး။ သိထားတဲ့ အကြောင်းတွေကို မေမေ့ကိုသွားပြောပြပါတယ်။

ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ မံမီကားတွေကိုတော့ အကြိုက်ဆုံးပေါ့။ ငယ်ငယ်တုန်းကကြည့်ခဲ့တဲ့ ဇာတ်လမ်းတစ်ချို့ကို အာရုံထဲစွဲလမ်းနေတာကြောင့် တစ်စုံတစ်ခုတူညီခဲ့ရင် မှီငြမ်းတယ်လို့ယူဆပေးပါရှင်။

အားလုံးနီးပါးကတော့ စိတ်ကူးယဉ်တာရယ် အီဂျစ်နတ်ဘုရားတွေအကြောင်းတွေကိုပေါင်းစပ်ထားတာဖြစ်လို့ အပျင်းပြေမယ်လို့ ယုံကြည်ပါတယ်။

နာမည်တွေကိုတော့မြန်မာလိုပဲရေးပေးပါ့မယ်။ Eng လိုဆိုရင် မသိသေးတဲ့လူတွေဖတ်ရတာထောက်ပြီးမေ့ကုန်မှာဆိုးလို့ပါ။

ဇာတ်နာတာတွေဘာတွေ ဘာမှမပါဘဲနဲ့ အီဂျစ်ပြည်ကြီးကိုပဲဦးတည်သွားမှာပါ။Timetravelလဲ မဟုတ်ပါဘူး။

ဒီထဲကအကြောင်းအရာတွေက စိတ်ကူးယဉ်မှုသက်သက်ပါပဲ။ အပြင်မှာအကြောင်းတစ်စုံတစ် ရာတိုက်ဆိုင်မှုရှိခဲ့ရင် ခွင့်လွှတ်ပေးဖို့တောင်းဆိုပါတယ်ရှင်။

27.7 2021
__________________________

ARAGI : Son Of Set Hikayelerin yaşadığı yer. Şimdi keşfedin