18

2.5K 426 5
                                    

(Zawgyi)

ဆာဟာရသဲကန္တာရသည် ကမ္ဘာ့တတိယအကြီးဆုံး သဲကန္တာရတစ်ခုဖြစ်ပြီး အာဖရိကမြောက်ပိုင်းတွင်ရှိသည့်အပြင်ဥရောပတိုက်နီးပါးကြီးမားကျယ်ပြန့်သော သဲကန္တာရဖြစ်သည်။

ကတ်နက်ဖေးသည် ဘေးပတ်လည်တွင်လှည့်ပတ်ကြည့်ကာ တအံ့တသြဖြစ်နေလေသည်။သူတို့က Giza ကိုရောက်နေတာမဟုတ်လား။အခုတော့ ဘယ်လိုအကြောင်းကြောင့် ဆာဟာရကိုရောက်လာတာလဲ။ လေတိုက်လျှင်သဲမှုန်များက နှာခေါင်းတွင်းကိုဝင်လာတာမို့ ပုဝါစကိုလည်းမချွတ်ရဲ။ လုံခြုံအောင်သာဖုံးထားရင်းဘေးပတ်လည်ကိုကြည့်မိသည်။

လေပြင်းကနည်းနည်းငြိမ်သက်သွားသည့်အခါ လော်ရီနှင့် Remus က သဲတွေကိုဖယ်ရှားကာ မတ်တတ်ထရပ်လိုက်ကြသည်။ ထိုနှစ်ယောက်ကိုမြင်လိုက်ရမှ ကတ်နက်ဖေးလည်းစိတ်အေးမိတော့သည်။ ကျောကိုစမ်းကြည့်လိုက်တော့ သူ၏ လေးက ပါနေသေးသည်။

လော်ရီက ပုဝါစကိုချွတ်ကာ ချောင်းတဟွတ်ဟွတ်ဆိုးရင်း

"ဘယ်ရောက်သွားတာလဲ ၊ ဒါကြီးက ၊Gizaကရော"

"ဆာဟာရ"

"ဟမ်!"

"ငါတို့ဆာဟာရကိုရောက်နေတာ လော်ရီ"

"ဘာ!"

ထုံးစံအတိုင်းထိုအသံသည် လော်ရီဆီကမဟုတ်ဘဲ ဘေးနားက Remua ဆီကပင်ဖြစ်လေသည်။ Remus က ဘေးပတ်လည်ကိုကြည့်ကာ

"တကယ်ကြီး ဆာဟာရလား"

"အင်း"

"ဘယ်လိုလုပ်ရောက်လာတာလဲ !! ငါတို့က Giza မှာလေ ၊ ဒါနဲ့ အရာဂီရော Amlia ကရော"

Remus၏ စကားကြောင့် ကတ်နက်ဖေး အတွေထဲ နစ်မြောသွားသည်။ စောစောကလေးတင်သူတို့ အားလုံး Giza မှာဖြစ်သည်။ လက်နက်အစိတ်အပိုင်း ၃ခု တစ်စုတစ်စည်းတည်းမဖြစ်ခင် နော့ရာမန်ဂီ၏ လူတွေရောက်လာသည်။အော်သံတွေကြောင့် လူသားတွေကို အန္တရာယ်ပြုလိုက်တာလားမသိ။ ကတ်နက်ဖေး စိုးရိမ်သွားရသည်။ Giza တွင်ရှိသည့် ခရီးသွား ၊ ကုန်သည်တွေ တစ်ခုခုဖြစ်သွားပြီလားသူမသိပေ။ ထို့နောက် နေထွက်လာသည်။ Giza ထိပ်စွန်းကထွက်လာသည့်နေအလင်းရောင်နှင့်အတူ လက်နက်ကိုလည်း စုစည်းပြီးပြီဖြစ်သည်။ သို့သော် မျက်စိတစ်မှိတ်အတွင်း သူတို့အားလုံး ဆာဟာရကိုရောက်လာကြသည်။ အကြောင်းက စစ်ပွဲဖြစ်တော့မှာလား။ ကတ်နက်ဖေး အတွေးပေါက်သွားပြီ။

ARAGI : Son Of Set Wo Geschichten leben. Entdecke jetzt