13

2.8K 464 12
                                    

[  Zawgyi  ]
  
ကတ်နက်ဖေးသည် ခေါင်းတလား၏ အောက်ခြေမှထွက်ပေါ်လာသောအရာကိုကြည့်ကာ အနည်းငယ်အံ့သြနေမိသည်။

၎င်းမှာ စာအုပ်တစ်အုပ်ပင်ဖြစ်လေသည်။

အထူမှာ အတော်လေးကိုထူကာ အဖုံးတွင် အက္ခရာများ ၊ စက်ဝိုင်းကွက်များ ၊ ကြိဂံကွက်များရေးထွင်းထားလေသည်။သို့သော် သူသည် ထိုစာလုံးများ၏ အဓိပ္ပါယ်ကိုနားမလည်ပေ။

အစီအရင်ကွက်များဖြစ်နိုင်၏။

အဖုံးမှာ အမဲရောင်အဖုံးဖြစ်ကာ အတော်လေးကိုထူထဲသည်။ သူသည် ထိုစာအုပ်ကိုအသာသယ်ကာ အပြင်သို့ထုတ်လိုက်၏။

ဘေးနားမှာလူတွေကလည်းစိတ်ဝင်စားနေကာ ထိုစာအုပ်အား စူးစိုက်ကြည့်နေကြလေသည်။ကတ်နက်ဖေးသည် စာအုပ်အား စားပွဲပေါ်သို့တင်လိုက်ကာအသက်ဝဝရှူလိုက်၏။

ထို့နောက် ဖြည်းဖြည်းချင်း စာအုပ်အဖုံးကိုစတင်လှန်လောတော့သည်။ စိတ်ဝင်စားနေသေယ လးတစ်စုက တခြားဘာသံမှမထွက်ကြပေ။

ကတ်နက်ဖေးသည် စာအုပ်အဖုံးအား လှန်လောပြီးသောအခါ  ဘေးနားမှ Remus က မျက်မှောင်ကြုတ်ကာ စိတ်ညစ်သလိုပြောလာလေသည်။

" ဘာလဲ စာအုပ်က ဗလာကြီး"

Amelia က ထပ်လောင်းပြောသည်။

"တစ်ခုခုထူးဆန်းနေတာလား ၊ ဒါမှမဟုတ် ဒီစာအုပ်က စာကိုမဖော်ပြဘဲ ပစ္စည်းတစ်ခုခုကိုပေးချင်တာလား ၊ ခေါင်းတလားရဲ့ အောက်ခြေမှာတောင် ဖွက်ထားတယ်ဆိုတော့ သေချာပေါက် ထူးဆန်းမှာ"

လော်ရီကတော့ ဘာမှမပြောဘဲ အရာဂီ၏ ဘေးနားတွင်လက်ပိုက်ကာရပ်နေလေသည်။

တစ်ယောက်တစ်ပေါက်ထင်မြင်ချက်များပြောနေစဉ်ကတ်နက်ဖေးကတော့ စာအုပ်ကိုသာစိုက်ကြည့်နေလေသည်။

သူသည် Remus တို့ စကားပြောနေသည့်းစာအုပ်ကိုအကြည့်မပျက်ပေ။ ထို့နောက် သူသည် ခပ်တိုးတိုးရေရွတ်လိုက်၏။

"ရှိတယ်"

"ဟမ်!"

လော်ရီက အသံထွက်လာသောအခါ ကတ်နက်ဖေးထပ်ပြောလိုက်၏။

"ဒီစာအုပ်ထဲမှာ စာတွေရှိတယ် ၊ ငါတို့သိချင်တဲ့ အဖြေတွေအားလုံးရှိနေတယ်"

ARAGI : Son Of Set Where stories live. Discover now