[ Zawgyi ]
မနက်သို့ရောက်သောအခါ ကတ်နက်ဖေးသည်မိဘများအားနှုတ်ဆက်ကာ ပြန်လာခဲ့သည်။သူသည်ကျောပိုးလွယ်အိတ်ကိုလွယ်ကာကားပေါ်သို့တတ်လိုက်သည်။Mrs.ဖေးသည် အိမ်ထဲသို့မဝင်သေးဘဲသူ၏ ကားဘေးတွင်ရပ်နေလေသည်။ ကတ်နက်ဖေးသည် ကားမှန်ချလိုက်သောသောအခါ သူမကဆိုသည်။
" နောက်ရက်လာဦးမလား ဖေး "
"ခုရက်ပိုင်းတော့မလာဖြစ်သေးဘူးမာမီ ၊ ကျွန်တော်အလုပ်ရှိသေးလို့"
သူဖြေလိုက်သောအခါ Mrs.ဖေးက မျက်နှာငယ်သွားသည်။ ထို့နောက်သူမသည် ပြုံးကာ ထပ်မံပြောလာ၏။
"ဒါဆိုရင် အကြာကြီးတော့မလာဘဲမနေနဲ့နော် ဟုတ်ပြီလား"
"ဟုတ်ကဲ့ ကျွန်တော် အကြာကြီးပစ်မထားပါဘူး ၊ သွားတော့မယ်မာမီ"
"အင်း"
သူမက လက်ပြသောအခါ ကတ်နက်ဖေးလည်းလက်ပြန်ပြပြီး ကားကိုခြံထဲမှမောင်းထွက်လာလိုက်၏။
အချိန်သည် မနက်၇နာရီဖြစ်သည်။ သူသည် ကားအားဖြည်းဖြည်းမှန်မှန်နှင့် မောင်းလာလိုက်သည်။ အိမ်တွင်အရာဂီတစ်ယောက်တည်းသာရှိသည်။
အဆင်ပြေပါ့မလားမသိ။ ဖုန်းဆက်မေးရန်လဲ မရတော့ စိတ်ပူမိသည်။ သို့သော် သူသည်ကွန်ဒိုသို့ချက်ချင်းမပြန်သေးဘဲ ကုန်တိုက်တစ်ခုသို့ ဦးတည်မောင်းလိုက်၏။
ကားသည် ဖြည်းဖြည်းမှန်မှန်မောင်းရင်း ၁၅မိနစ်ခန့်ကြာသောအခါ ကုန်တိုက်တစ်ခု၏ရှေ့သို့ရောက်သွားလေသည်။ကတ်နက်ဖေးသည် လွယ်အိတ်အားကားပေါ်တွင်သေချာထားခဲ့ပြီးနောက် ကုန်တိုက်ထဲသို့ဝင်လာလိုက်သည်။
သူသည်အသားအတော်ပင်ဖြူသည်။လူတိုင်းနီးပါးသည် ကတ်နက်ဖေးလောက်မဖြူဘဲ အနည်းငယ်ဝါသောအသားအရည်ရှိသည်။
သို့သော် ကတ်နက်ဖေးသည် မွေးကတည်းဖြူဖွေးသောအသားအရည်အားပိုင်ဆိုင်လာသည်။ ယောကျာ်းလေးများသည် ညိုသောအသားအရောင် ၊ အနည်းငယ်ဝါသောအသားအရောင်ကိုသာနှစ်သက်ကြသည်။ ထိုအသားအရောင်ကသာ ဆွဲဆောင်မှုရှိသည်ဟုမှတ်ယူကြသည်။