Part 2

53 3 0
                                    

ရိပေါ်တစ်ယောက် ရှောင်ကျန့်ထွက်သွားတာကိုငေးကြည့်နေမိတယ် ပီးမှ ကျောင်းတက်ဖို့ရာ အပြေးလေးလာခဲ့တော့တယ်  ကျောင်းရောက်တော့
ရိပေါ်::::::::ဟောဟဲ ဟောဟဲ မောတာ

စစ်ကျွေး ::::::ဟိတ်ရောင် မင်းဘာဖြစ်လာတာလည်း အမောတကောနဲ့  ကျောင်းတက်ဖို့ရာနာရီဝက်လိုပါသေးတယ်ဟ
 
ရိပေါ်:::::::: အေးပါကွာ မင်းကလည်း  ငါ့ဆိုပြောဖို့ဘဲ  လာအတန်းထဲသွားမယ်

စစ်ကျွေး :::Aa

အတန်းထဲမှာ ဆရာမကစာသာသင်နေတယ် ရိပေါ်တစ်ယောက်ကတော့ စာကိုအာရုံမရဘဲ မနက်ကတွေ့ခဲ့တဲ့သူအကြောင်းတွေးနေမိတယ်   ကျောင်း ဆင်းခေါင်းလောင်းထိုးတော့ ရိပေါ်တို့အိမ်ပြန်လာခဲ့ကြတယ် ရိပေါ်အတွေးထဲမှာတော့ မနက်ကတွေ့ခဲ့တဲ့သူကိုဘဲစွဲလမ်းနေမိတယ်

ရိပေါ်( ပြန်ဆုံချင်ပါသေးတယ်)

တဖက်ကရှောင်ကျန့် တစ်ယောက်ကတော့ သင်တန်းကဆရာဆီကအဆူခံလိုက်ရလို့ ရိပေါ်ကိုဒေါသထွက်ပီးကြိမ်းနေတယ် 
ရှောင်ကျန့် ( မင့်နဲ့ပြန်တွေ့လို့ကတော့ အသေသတ်ပစ်မယ် အမွှေစိန် ငါ့ကိုအဆူခံရအောင်လုပ်တယ် )

ဒီလိုနဲ့  မတူညီတဲ့အတွေးနဲ့ လူနှစ်ယောက်  အိပ်ရာဝင်ခဲ့ကြတယ်

နောက်တနေ့မနက်

မနေ့ကတွေ့ခဲ့တဲ့နေရာလေးမှာရိပေါ်တစ်ယောက်ရှောင်ကျန့်ကိုမျှော်နေမိတယ် 

ရိပေါ်::::::(ဟူးး လူကြီးကလည်း ဒီနေ့မှကြာလိုက်တာ ဘာလုပ်နေတယ်မသိဘူး)
ရိပေါ်တွေးနေရင်း တွေ့လိုက်ပါပီ လမ်းလျှောက်လာတဲ့ သူလေး အထားသဖြင့်သူမျှော်နေရတဲ့သူလေးပေါ့ စာအုပ်ကလေးကိုပိုက်ပီး ဘေးအိတ်လေးလွယ်လို့ လာတဲ့ သူလေးက မနက်ခင်းရဲ့အလှအပကိုပီးပြည့်စုံစေတယ်

ရိပေါ်( လှရက်လိုက်တာဗျာ ချောလိုက်တာ )

ရှောင်ကျန့် :::::ဟာ ဟိုမှာမနေ့ကငါ့ကိုအဆူခံရအောင်လုပ်သွားတဲ့ကောင်လေး တွေ့မယ်ဒင်းတော့
ရှောင်ကျန့်လည်း​ရိပေါ်အနားရောက်အောင်သွားလိုက်တယ် ရန်ထောင်ဖို့ပေါ့  အနား ရောက်မှသတိထားမိတယ် ကိုယ်တော်ချောက မတ်တပ် မေ့နေတာဘဲ

နှလုံးသားဧည့်သည်  (Completed)Where stories live. Discover now