ကိုကို မောင်တို့လမ်းခွဲရအောင်.......
ဘာ ဘယ်လိုပြောလိုက်တယ် လမ်းခွဲမယ်ဟုတ်လား
ရှောင်ကျန့်သူ့နားသူ မယုံနိုင်ဖြစ်သွားတယ်
ဟုတ်တယ် ကျွန်တော်တို့လမ်းခွဲကြမယ်
ဘာလို့လည်း အကြောင်းပြချက်ကဘာလည်း
ဟက် အကြောင်းပြချက် ဟုတ်လား ရီရတယ် ကျွန်တော်နနဲ့အဆက်အသွယ်ပြတ်နေတုန်းမှာ ကျွန်တော့်အပြင်နောက်တစ်ယောက်ထားခဲ့တာဘယ်သူလည်းဟမ် ဖြေစမ်းပါ
ဪ ဒါ့ကြောင့်လား ဟားးးးးဟားးးးးမောင် မင့်ဘက်ကျသိတတ်လိုက်တာကွာ မင့်နဲ့ငါ စတွေ့ကတည်းကနေ ခုချိန်ထိမင့်မှာ စေ့စပ်ထားတဲ့မိန်းကလေးရှိတယ်ဆိုတာရော မင့်ပြောပြခဲ့ဘူးလား ဟမ် ငါ့ကိုကျတော့နောက်တစ်ယောက်ထားလို့တဲ့ မင့်ကကျတော့ရော ဟမ် မင့်ကရောလို့
ရိပေါ်အံ့ဩသွားတယ်
(ကိုကိုဘယ်လိုသိတာလည်း ငါနဲ့ လီလီက လူကြီးတွေသဘောတူထားတာ သွားပီ ငါဘယ်လိုလုပ်ရမလည်း မောင်တောင်းပန်ပါတယ် မောင် ခုလိုလုပ်ရတာက တစ်ချိန်မှာ မောင်တို့ကိုနီးစပ်စေမှာပါ ခုတော့အမုန်းခံပါရစေ)
ရိပေါ်စိတ်ထဲကနေ ရှောင်ကျန့်ကိုတောင်းပန်လိုက်တယ် အပြင်မှာကတော့
သိသွားပီကို ဟူတ်တယ် ကျွန်တော်နဲ့လီလီက စေ့စပ်ထားတာ ကျောင်းပီးရင်လက်ထပ်ကြတော့မှာ ခင်ဗျားကိုမပြောပြခဲ့တာက လည်း မလိုလို့လေ
ပြောပြစရာမလိုဘူးတဲ့လား ဟားးးးးငါကအရူးဘဲ ငါ့ကိုတကာ်ချစ်တဲ့သူကျထားခဲ့ပီး ငါ့ကိုမချစ်တဲ့သူကိုတမ်းတနေမိတာဘဲ ဟားဟား
ခုသိပီမလား အဲ့တော့ လမ်းခွဲမယ် ဘယ်လိုလည်း
သဘောပါ မင့်ကိုတစ်ခုတော့ပြောလိုက်ပါရစေ ငါကလေ ငါသဘောအကျဆုံးအရာကိုတောင် မထင်မှတ်ရင်ဘဲဖြစ်ဖြစ်တမင်တကာဘဲဖြစ်ဖြစ် အောက်ကိုပြုတ်ကျ ခဲ့ရင်တောင် ငါပြန်မကောက်ယူဘူး ပျက်စီးသွားတဲ့အရာဆို ပိုတောင်ဆိုးသေးတယ် ခု မင့်နဲ့ငါရဲ့ဆက်ဆံရေးက ပြုတ်ကျသွားတဲ့အရာဝတ္ထုတစ်ခုမဟုတ်ဘူး ပျက်စီးသွားတဲ့အရာတစ်ခုဘဲ အဲ့တော့ မင့်နဲ့ငါ့ကြားပတ်သတ်မှုက ဒီဘဝ ဒီမျှတင်ဘဲ ထပ်မဆုံပါရစေနဲ့ နှုတ်ဆက်ခဲ့ပါတယ်