Part 13

15 3 0
                                    

ဘာလိုလိုနဲ့ ကျွန်တော်နဲ့ မောင် ချစ်သူဖြစ်တာ ၁လပြည့်ကာနီးပီ  ခင်ဗျားတို့သိလား 

မောင်ကလေ ကျွန်တော့်ကိုဆို သိပ်ဂရုစိုက်တာ အရမ်းလည်းချစ်တာ သဝန်တိုတာဆိုတာလည်ပြောမနေပါနဲ့တော့ 

ဘယ်သူ့မှ ကို စကားအပြောမခံတာဗျ  ကျွန်တော့ Acc passwardကိုတောင်းပီး ကျွန်တော့် ထဲကfriend တွေကို Unfriend လုပ်ပစ်ပီး သူ့စိတ်ကြိုက်သူတွေရွေးပီးပြန်ထည့်တာ နောက်ထပ်သူငယ်ချင်း လည်း ထပ်လက်မခံခိုင်းတော့ဘူး

သူaddပေးတဲ့accတွေက ဘာတွေမှတ်လည်း အလှအပ အချက်အပြုတ်တဲ့  ကျွန်တော်စိတ်မဝင်စားဘူးဗျ အဲ့ဒါတွေကို  မောင့်ကိုပြောမိတယ်
စိတ်မဝင်စားဘူး လို့ပြောတော့  မောငါကဘာပြောတယ်မှတ်လည်း

ကိုကိုတဲ့ ကိုကိုစိတ်မဝင်စားရင်လည်အတင်းမတိုက်တွန်းပါဘူးတဲ့ မောင့်အတွက်တော့ အခကေ်အပြုတ်လေး ရအောင်သင်ထားပါတဲ့  ဘာလို့လည်းမေးတော့  မောင့်ကိုကိုက ဟင်းမချက်တတ်တာသိတယ်တဲ့  သူနဲ့ကျွန်တော် လက်တွဲတဲ့အခါက သူ့ကို ချက်ကျွေးပါတဲ့  🥴

ပီးတော့ပြောရအုံးမယ်

မောင်နဲ့ ချစ်သူဖြစ်တာတစ်ပါတ်ပြည့်တဲ့နေ့ကလေ
မောင်က သူ့သူငယ်ချင်း စစ်ကျွေးဆိုတဲ့ကောင်လေးနဲ့မိတ်ဆက်ပေးသေးတယ် 

ကျွန်တော်လည်းအဲ့ကောင်လေးကိုမြင်ဘူးချင်တာနဲ့စစ်ကျွေးပုံကို တောင်းမိတယ်  အဲ့တော့ မောင်က ဘာပြောတယ်မှတ်လည်း

ဘယ်သူ့ပုံမှ မတောင်းရဘူးတဲ့ လိုချင်ရင်သူ့ပုံဘဲယူပါတဲ့

ကျွန်တော်လည်းချစ်တော့ အလိုလိုက်တာပေါ့ အရာရာ မောင့်သဘောဘဲ မောင်ပြောတာနဲ့ခေါင်းညိတ်ပီးတာဘဲ ☺️☺️

ဒါတွေ ခင်ဗျားတို့ကိုပြောပြနေလည်းသိမှမဟုတ်ပါဘူး ဘာလို့ဆို ခင်ဗျတို့က အနှစ်တစ်ထောင်FAတွေကို😂😂

ဒါပေမယ့်ခုမောင်နဲ့ စကားမပြောရတာ ၂ရင်ရှိပီ စာမေးပွဲရှိလို့ မောင့်မေမေက ဖုန်းခဏသိမ်းထားတယ်တဲ့  ဟူးးးးမပျော်ဘူးဗျာ ကျွန်တော် မောင်နဲ့စကားမပြောရတော့စိတ်ထဲတစ်မျိုးကြီးဘဲ  အဲ့ဒါနဲ့မောင်လိုင်းတက်လာရင် ပျော်အောင်ဆိုပီး ကျွန်တော် မောင့်အကောင့်မှာ စာတွေပို့ထားတာတယ် ဘာလို့လည်းလို့လာမမေးနဲ့  ဒါတွေက ချစိသူအချင်းချင်းဘဲသိတာ

နှလုံးသားဧည့်သည်  (Completed)Tahanan ng mga kuwento. Tumuklas ngayon