Part 4

27 3 0
                                    

                  💚နှလုံးသားဧည့်သည်❤️
 
                    Part . 4

ညနေ  ၃နာရီလောက်ကျရှောင်ကျန့်တစ်ယောက်နိုးလာခဲ့တယ် 

ရှောင်ကျန့်::::ဝှါး   အိပ်ကောင်းလိုက်တာ  ဟင့်  ဒါပေမယ့်
ငါ့တစ်ကိုယ်လုံးညောင်းကိုက်နေတာဘဲ  မနက်ကအပစ်ပေးခံရတာကြောင့်ဖြစ်မယ်  ဟူး ဆေးလိမ်းအုံးမှပါလေ 
အာ  မေ့နေတာ ငါဆေးမှမဝယ် သေးတာ
ဒါပေမယ့်  ရိပေါ်ကျကျန်ခဲ့တဲ့ဆေးတော့ရှိတယ်
ငါယူလိမ်းရင်ကောင်းမလား ဟာမဖြစ်ပါဘူးသူများပစ္စည်းကို အဲ့လိုယူမသုံးကောင်းဘူး ဟုတ်တယ် တော်ပီ မသုံးတော့ဘူး 

ရှောင်ကျန့်တစ်ယောက်သူ့ဘာသာတစ်ယောက်တည်း ခေါင်းညိမ့်လိုက်ခေါင်းခါလိုက်နဲ့ပြောနေတယ် 

(ငါဆေးသွားဝယ်အုံးမှပါ ဒါပေမယ့်ငါလမ်းမလျှောက်ချင်ဘူးလေ လမ်းလျှောက်ရမှာညောင်းလွန်းနေတယ် 😭😭 အကျင့်ပုတ်ဆရာကြီး သူ့ကြောင့်ဖြစ်ရတာ  ပီးတော့ ဟိုရိပေါ်ဆိုတဲ့ ဟာလေးရောပါတယ် သူပရောဂလည်းမကင်းဘူး 😭
ဟာ  ဟုတ်သားဘဲ  ခုဖြစ်တာကသူ့ကြောင့်လည်းပါတယ်ဆိုတော့ သူကျကျန်ခဲ့တဲ့ဆေး ဆိုတော့ ငါသုံးလို့ရတာပေါ့  ဟုတ်တယ်  ဟီးဟီး ဟိုစကားပုံတောင်ရှိသေး  ရေအဆုံးကုန်းတစ်ဝက်တဲ့ အဲ့တော့ အဲ့ဆေးထုပ်တစ်ဝက်ကငါပိုင်တယ် ဟီးဟီး )

ရှောင်ကျန့်တစ်ယောက်ကတော့သူ့ဘာသာတွေး သူ့ဘာသာပြောရင်းဆေးလိမ်းနေတော့တယ်  ဆေးလိမ်းပီးတော့ သူ့ခြေထောက်လေးနှိပ်ရင်း

ရှောင်ကျန့်:::ဟင့်ငါ့ခြေထောက်လှလှလေးတော့ ဝတုတ်လာတော့မှာဘဲ  ဒီတိုင်းသာနေ့တိုင်းအပစ်ပေးခံရရင် ငါလည်းဆေးကုမ္ပဏီကို ယောက္ခမတော်ရတော့မယ် ဟူးး😒

ရိပေါ်တစ်ယောက်ကတော့ သူ့အခန်းထဲမှာ ဂနာမငြိမ် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတယ် သူ့စိတ်ထဲကတော့
( အကိုရယ်ကျွန်တော် နေ့လည်က အကိုနဲ့တွဲတွေ့လိုက်ရတဲ့သူကဘယ်သူလည်းဗျာ   အကိုနဲ့ဘယ်လိုပတ်သတ်တာလည်း ဘာလို့အကို့ သူနဲ့ကျ အသက်ဝင်လွန်းနေရတာလည်း အဲ့နေရာမှာဘဲ ကျွန်တော် အကို့ဆီ အပြေးလာပီးမေးချင်ပါရဲ့ ဒါပေမယ့်  အကိုနဲ့ကျွန်တော်က ဘာမှ မဆိုင်သေးဘူးလေ  ဟူးးးးး အကိုရယ် အကို့ကြောင့်ကျွန်တော်ရူးရတော့မယ်)
ရိပေါ်တစ်ယောက် ရှောင်ကျန့်အကြောင်းတွေးနေရင်း ရှောင်ကျန့်ကိုတွေ့ချင်စိတ်ကပေါ်လာတယ်
အဲ့ဒါကြောင့်  သူလည်း စစ်ကျွေးဆီဖုန်းလှမ်းဆက်လိုက်တယ်

နှလုံးသားဧည့်သည်  (Completed)Tempat cerita menjadi hidup. Temukan sekarang