💚နှလုံးသားဧည့်သည်❤️
Part 10ဘာလိုလို နဲ့ ရိပေါ်ရှောင်ကျန့်ကို ဖွင့်ပြော တာ ၁ပါတ်တောင်ရှိခဲ့ပီ အဲ့ တစ်ပါတ်တာအတွင်း ရိပေါ် အကိုနဲ့ စကားတွေပြောဖြစ်တယ် Online ပေါ်မှာဆို ညတိုင်း လိုလိုပေါ့
ရိပေါ် အကိုနဲ့ စကားပြောရင်းသိလိုက်ရတာက အကိုလည်းသူ့ကိုစိတ်ဝင်စားနေတယ်ဆိုတာဘဲ
ဒါနဲ့များဘာလို့ အကိုက သူကို တစ်လစောင့်ခိုင်းတာမှန်း သူမသိဘူးဟူးးကိုကိုရယ် ချစ်ရင်ချစ်တယ်ပေါ့ ဘာလို့များ မောင့်ကိုညှင်းဆဲချင်ရတာလည်းဗျာ
ဘယ်လိုလုပ်ရမလည်း ကိုကို သူ့ကိုချစ်တယ်လို့ဝန်ခံလာအောင် အာ ဟုတ်ပီ စစ်ကျွေးဆီ က အကြံယူရမယ် မနက်ဖြန်ကျောင်းဖွင့်တယ် ဆိုတော့ သူနဲ့တွေ့လို့ရတယ်
ကိုကို ဒီတစ်ခါ မောင့်ကို ဝန်ခံလာစေရမယ် ချစ်တာကိုချစ်တယ်လို့မပြောဘဲ မောင့်ကိုစောင့်ခိုင်းတဲ့ ကိုကို့ကိုလည်းအပစ်ပေးရမယ် ဟွင်းးဟွင်းးး😎😎
_________________________
ရှောင်ကျန့် လည်း ရိပေါ်အကြောင်းတွေးနေမိတယ်
ရိပေါ်သူကိုချစ်တာသေချာတယ်ဆိုတာ
ရှောင်ကျန့်သိ တယ် သူတွေဝေနေရတာက သူက ရိပေါ်အတွက် အနှောင့်အယှက်ဖြစ်နေမှာစိုးတာ ရိပေါ် အနာဂတ်အတွက် သူက ဆူငြောင့်ခလုတ်ဖြစ်နေမှာစိုးတာ
ဒါကြောင့်ဘဲ သူ ရိပေါ်ကိုအဖြေမပေးဘဲ တစ်လစောင့်ခိုင်းခဲ့တာပေါ့ တကယ်ဆို ရှောင့်ကျန့်လည်းရိပေါ်ဟသူ့ကိုဖွင့်ပြောတဲ့ နေ့ကတည်းက အဖြေပေးလိုက်ချင်တာပါ သူရိပေါ်အတွက်တွေးပီး မပေးလိုက်တာရှောင်ကျန့်အတွက်လည်းမလွယ်ကူလှဘူး ကိုယ်ချစ်နေတဲ့ သူကို မချစ်သလိုဟန်ဆောင်နေရတာ ရိပေါ်ဆီက အကြင်နာစကားတွေကြားမိတိုင်း သူ ရင်ခုန်သံတွေ ကို ထိန်းလို့မရခဲ့ဘူးပေါက်ထွက်မှာတောင် စိုးနေရတယ်
ဟူးးးးး ပြုစားလွန်းတယ် မောင်ရယ်
_________________________
Next day
ရိပေါ်ကျောင်းကိုစောစောရောကနေတယ် သူ စစ်ကျွေးကိုစောင့်နေတာပါ သူ့ကိုကို့ ဆီက အဖြေကို ဘ်ာလိုရအောင် လုပ်ရမယ်ဆိုတာ အကြံတောင်းဖို့ပေါ့