💚နှလုံးသားဧည့်သည်❤️
Part 9
ကျွန်တော်ကိုကို့ ကိုချစ်တယ်
ရှောင်ကျန့် ရုတ်တရတ်ဆိုတော့ကြောင်အသွားတယ် ရိပေါ် ကသူကို့ချစ်တယ်တဲ့ ဟာ ဒါဘယ်လိုအခြေကြီးလည်း ခု သူကငါ့ကိုဖွင့်ပြောနေတာလား
ကိုကို ကိုကို လို့ ကျွန်တော်ခေါ်နေတာကြားလား
ရိပေါ် ရှောင့်ကျန့်နာမည်ကို ခေါ်ရင်း ခန္ဓာကိုယ်ကိုလှုပ်လိုက်မှ ရှောင်ကျန့်တစ်ယောက်သတိဝင်လာခဲ့တယ်
ဟမ် ရိပေါ် မင့် ကိုယ့်ကို ဘာပြောလိုက်တာ ကိုယ် သေချာမကြားလိုက်ဘူး
ကျွန်တော်ကိုကို့ ကို ချစ်တယ်လို့ပြောတာလေ
ဘာ ဒီမှာ မင့်ငါ့ကိုဘာထင်နေတာလည်း ဟမ် ဘာလည်း ငါက သိပ်ကို အထင်သေးစရာကောင်းနေတာလား ကိုယ်နဲ့သိတာမကြာသေးတဲ့ သူနဲ့အတူတူလျှောက်လည်ရဲတဲ့ သူဆိုပီး မင့်က ငါ့ကိုအထင်သေးတာလား ဟမ်
ရိပေါ် ရှောင်ကျန့်ဆီကကြားလိုက်ရတဲ့စကားကြောင့် သူ့ရင်ကိုသံပူနဲ့ ထိုးလိုက်သလိုပူလောင်သွားရတယ် ပီးတော့ မျက်ရည်တွေဝိုင်းလာခဲ့တယ် အဲ့ဒါကြောင့်သူလည်း အသေအလည်းရှင်းပြနေတော့တယ်
ဟာ မဟုတ်ရပါဘူး ကိုကိုရယ် ကိုကိုပြောသလိုဘဲ ကျွန်တော်တို့တွေ့တာ မကြာသေးဘူးဆိုပေမယ့် ကျွန်တော်ကိုကို့ကို တကယ်ရင်ထဲက ချစ်ခဲ့တာပါဗျာ
ကျွန်တော် ကိုကို့ ကို အထင်မသေးပါဘူး
ကျွန်တော်ကလေ ကိုကို့ကို ချစ်တာဗျ ပီးတော့ ကိုကို့ ကို ချစ်တာထပ်ပိုပီး မြတ်နိုးမိတာ ဗျ ကိုကိုသိရဲ့လားစောနက ထမင်းဆိုင်မှာ ဘာလို့ ကျွန်တော် ကိုကို့လက်ကို ဆွဲပီးခေါ်လာရလည်းသိလား ကိုကို့ကို လူတစ်ယောက်က စိုက်ကြည့်နေတာ မကြိုက်လို့ဗျ
ကျွန်တော် ချစ်ရတဲ့ ကိုကို့ ကို ဘယ်သူမှကြည့်တာမကြိုက်ဘူး ကိုကို့အပြုံး ကိုကို့ အချစ် ကိုကို့ မျက်ရည် ကိုကို့အချိန် ဟာ ကိုကိုနဲ့ပတ်သတ်သမျှအရာအားလုံး ကျွန်တော် တစ်ယောက်တည်းပိုင်ချင်တယ် မဟုတ်ဘူး ကျွန်တော့်အပိုင်ပဲဖြစ်ရမယ် ကိုကိုလည်း ကျွန်တော် ကလွဲပီးဘယ်သူ့မှမချစ်ရဘူး ကိုကို နဲ့သတ်ဆိုင်တဲ့အရာမှန်သမျှ ကျွန်တော့်ကြောင့်ဘဲဖြစ်ရမယ်