ရှောင်ကျန့်လည်း ရိပေါ်ကို အဖြေပေးပီး တာနဲ့ ရိပေါ်ကိုမကျေမနပ်ပြောလိုက်တယ်
မောင် ဘာလို့ဒီလိုလုပ်ရတာလည်း ကိုကို ဘယ်လောက် တောင် ခံစားလိုက်ရလည်း သိရဲ့လား ဟင်
သိပါတယ်ကိုကို မောင် ခုလိုမှ မလုပ်ရင် ကိုကို မောင့်ကို ချစ်တာ ဝန်ခံမှာ မဟုတ်ဘူးမလား ဟင် ကိုကို မောင့်ကို ချစ်တယ် ဆိုတာဝန်ခံမှာမဟုတ်ဘူးမလားလို့
ကိုကိုပြောထားတယ်လေ တစ်လစောင့်ပေးပါလို့ ဘာလို့မစောင့်နိုင်ရတာလည်း မောင်ရယ်
ဟုတ််တယ် ကိုကို မောင်မစောင့်နိုင်ဘူး ဘာလို့ လည်းသိလား မောင် ကိုကို့ကို မဆုံးရှုံးချင်လို့
မောင့်စိတ်က သိနေတယ် အဲ့တစ်လ မတိုင်ခင် မောင် ကိုကို့ ဆီက အချစ်ကို မရနိုင်ဘူးဆိုတာ
ကိုကိုက မောင့်ကို ချစ်နေရင်တောင် မောင့်ကို ဝန်ခံမှာ မဟုတ်ဘူးဆိုတာမောင်ရယ်
ရှောင်ကျန့် ဝမ်းနည်းဝမ်းသာဖြစ်သွားတယ်
ဘာလို့ဆို သူဝမ်းသာတာက မောင်က ခုကတည်းက သူ့စိတ်ကို ဖတ်နိုင်ပီး သူ့ကို နားလည်လို့ ဝမ်းနည်း တာက မောင့်အနာဂတ်မှာ သူက ဆူးခလုတ်တစ်ခုဖြစ်နေလို့
မောင်ရယ် ကိုကို ဘယ်လိုလုပ်ရမလည်း ရှေ့ဆက်ပီးတိုးလည်းကိုကို က မင့်ဘဝကို ဖျက်ဆီးသလိုဖြစ်မှာ စိုးတယ် နောက်ဆုတ်ပြန်ရင်လည်း မင့်ခံစားရမှာ ကိုကို မကြည့်ရက်ဘူး ကိုကိုဘာလုပ်ရမလည်းဟင် ဘာလုပ်သင့်လည်း
ဒီမှာ ကိုကို မောင်ပြောမယ်
ဟုတ်
ကိုကို မောင့်ကိုချစ်တယ်မလား
ဟုတ်
ချစ်ရင် ဘာမှမတွေးနဲ့ ဟုတ်ပီလား ကိုကိုနဲ့မောင် ချစ်သူဖြစ်မိတာကလေ မောင့် တဇွတ်ထိုး စိတ်ကြောင့်ဆိုတာ ကိုကို သိထား ပီးတော့ ကိုကိုကမောင့်အတွက် ဘယ်တော့မှ ဆူးငြောင့်ခလုတ်မဖြစ်ဘူး ဖြစ်လာမှာလည်းမဟုတ်ဘူး ကိုကိုက မောိ့ဘေးက ပါရမီဖြည့်ပေးရမယ့်သူဘဲဖြစ်မှာ ဟုတ်ပီလား
ဒါပေမယ့် ကိုကို
ဘာမှ ဒါပေမမယ့်နဲ့ ကိုကိုမောင့်ကို မယုံဘူးလား