Part 11

16 3 0
                                    

ရိပေါ်နဲ့စစ်ကျွေးလည်း သူတို့အစီအစဥ်ကို ဘယ်နေ့အကောင်အထည်ဖေါ်ရမလည်းဆိုတာ စဥ်းစားနေကြတယ်

ဟေ့ကောင် ရိပေါ်  မင့်  ဘယ်တော့လောက် စမလည်း

မြန်လေကောင်းလေဘဲကွာ   ငါ ကိုကို့ ဆီကအဖြေလိုချင်နေပီ

မင့်ကလည်းကွာ  မြန်မြန်လိုချင် နည်းနည်းတော့စောင့်ရမှာပေါ့ကွ  မင့်  ဟို စကားပုံကြားဘူးလား

ဘယ်စကားပုံလည်း

ဟာ ဟို စကားပုံလေကွာ   ဘာတဲ့ ရှေ့တို့မယ့်ခြင် နောက်တစ်လှမ်းဆုတ်ဆိုတာလေ

ဟမ်   ဘာ  ဘယ်လို  ရှေ့တိုးမယ့်ခြင်နောက်တစ်လှမ်းဆုတ်  ဟုတ်လား 

အေးလေ 

ဟားးဟားးးးးးး မင့်ကလေ အူတယ်ပြောလည်း ဘဝင်မြင့်အုံးမယ်   ရှေ့တို့မယ့် ဆင်  နောက်တစ်လှမ်းဆုတ်ပါကွ

မင့်နော်  ငါ့လာမဖဲ့နဲ့  မင့်ကို  အဖြေ ရအောင်ကူညီဖို့လောနေလို့  မှားသွားတာ  မကူညီဘဲထားလိုက်မယ် ဘာမှတ်နေလည်း ဟွန့်😏😏

ဟာ သူငယ်ချင်းကလည်းကွာ အာ့လိုတော့မလုပ်ပါနဲ့ နော်   ကူညီပါကွာ  နော နော်

အေးပါကွာ  ကူညီပါ့မယ်  အာ့ဆိုမင့်ငါခိုင်းတဲ့အတိုင်းလိုက်လုပ်ရမယ်  နော်  မဟုတ်လို့ကတော့ မကူညီနိုင်ဘူး

အေးပါကွာ  မင့်ကလည်း  

ဟုတ်ပီ အာ့ဆို ဒီတစ်ပါတ်ကျောင်းပိတ်ရက်ကို  စမယ် 

ဟာ  မင့်ကလည်း  မကြာလွန်းဘူးလားကွာ  မနက်ဖြန်ဘဲစလိုက်ပါလား 

ဟိတ်ကောင်  မင့်ဘဲအဖြေမြန်မြန်လိုချင်တယ်ဆို

အေးလေ  အာ့ကြောင့်မနက်ဖြန်စလို့

ဟာ မင့် ကိုလေ  ငါဘယ်လိုပြောပြမှ  သိမှာလည်းကွာ  ငါပြောမယ် မင့်သာမနက်ဖြန် ငါတို့အစီအစဥ်စလိုက်ရင်  အဖြေရဖို့မသေချာဘူးနော်

ဟမ်  အဲ့လိုလား  အာ့ဆို  ကျောင်းပိတ်မှ လုပ်ကွာ

အေး ဒီလိုမှပေါ့  ဒါပေမယ့် တစ်ခုတော့ရှိတယ်

ဘာလည်း

မင့်  သူ့ကို ဒီနေ့က စပီး  အဆက်အသွယ်မလုပ်ရဘူး  ကျောင်းပိတ်ရက်ထိ 

နှလုံးသားဧည့်သည်  (Completed)Opowieści tętniące życiem. Odkryj je teraz