UNICODE
"ဒီအခြေအနေမှာပဲ ဆက်ရှိသွားချင်သေးတယ် "
"ဟင့်အင်း ငါတော့မရှိချင်တော့ဘူး "
*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*
ဂျောင်ဝန်းတစ်ယောက်တနဂ်နွေနေ့ဖြစ်တာကြောင့်အိမ်ထဲမှာပဲဘာမှလုပ်စရာမရှိအပျင်းတစ်နေလေရဲ့
လုပ်စရာမရှိတာတော့ဘယ်ဟုတ်မလဲ စာတွေလုပ်စရာတွေကတစ်ပုံတစ်ပင် သို့ပေမယ့် စာနဲ့သူနဲ့ကလုံးဝမအပ်စပ်သလိုပင်
"အာ ဟုတ်သားပဲ ဆောနူတို့နဲ့ဂိမ်းဆိုင်သွားရမယ် "
ဖုန်းကိုအလျင်အမြန်ကောက်လိုက်ရင်း
"ဝေ့ ဂိမ်းဆိုင်သွားရအောင် " ပို့လိုက်ပေမယ့် တစ်ယောက်မှseenမပြ
"ဟွန့် ဘာတွေလုပ်နေကြရယ်မသိဘူး ကိုယ့်ဘာသာကိုပဲသွားတော့မယ် " ဂျောင်ဝန်းတစ်ယောက်ညည်းညူရင်းထွက်လာခဲ့သည်
"အာ အဲ့လိုမှန်းသိဟိုအကိုကြီးကို ဖုန်းနံပါတ်ပေးလိုက်ပါတယ် ခုတော့တစ်ယောက်ထဲ ဟိုနှစ်ယောက်ကလည်း ဘာမှန်းကိုမသိဘူး ဟွန့် "
"ဟေ့ ဘာတွေတစ်ယောက်တွတ်ထိုးနေတာလဲ "
ဂျောင်ဝန်းတစ်ယောက်ထဲညည်းနေရင်းနောက်ကတစ်ယောက်ကလှမ်းခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့
"အာ ဂျုံဆောင်းHyung ဘယ်သွားမလို့လဲ "
" ဒီတိုင်းလမ်းလျှောက်ထွက်လာတာ ဂျောင်ဝန်းကရော "
" ဂိမ်းဆိုင်လာတာ ဆောနူတို့ကိုခေါ်တာ တစ်ယောက်မှခေါ်မရလို့ တစ်ယောက်ထဲထွက်လာတာ "
"အဲ့လိုဆို Hyung လိုက်ခဲ့ရမလား "
"မဟုတ်တာ အားနာစရာကြီး Hyung လည်းလုပ်စရာတွေရှိမှာပေါ့ "
" မရှိပါဘူး"
" ဒါဆိုအဲ့လိုလုပ်ကြမလား "
နှစ်ယောက်သားဂိမ်းဆိုင်သွားရာလမ်းတွင်စကားမပြောဖြစ်ကြ
*At Time skip*
နှစ်ယောက်သားဂိမ်းဆော့ပြီးပြန်အလာ
" ခေါက်ဆွဲပြုတ်ဝင်စားကြမလား လမ်းထိပ်ကဆိုင်မှာ"
ဂျောင်ဝန်း စကားစလိုက်တော့
YOU ARE READING
𝙸 𝚃𝚑𝚒𝚗𝚔 𝙸 𝙻𝚘𝚟𝚎 𝚄 𝚆𝚑𝚎𝚗 𝙸 𝚂𝚎𝚎 𝚈𝚘𝚞𝚛 𝙳𝚒𝚖𝚙𝚕𝚎✅
Fanfiction"ပျောက်သောသူ ရှာရင်တွေ့၊ သေသောသူ ကြာရင် မေ့ " ဆိုတဲ့ စကား ရှိပေမယ့် စွဲလန်းမှု၊ အချစ်ကြီးမှု၊ နက်နက်နဲနဲ မြတ်နိုးညှိတွယ်မှုတွေ ရှိထားခဲ့ရင် အဲ့စကားစုကို မမှန်ဘူးလို့ ပြောကြမယ့်သူတွေ ရှိမယ်ထင်ပါရဲ့.... "သေသောသူ ကြာရင်မေ့"ဆိုတဲ့ စကားဟာ ဝမ်းနည်းစိတ်ကိ...