Part 7🤍

357 65 7
                                    

UNICODE

"မမြင်ချင်ဘူး...ထွက်သွားလိုက်တော့ကျေးဇူးပြုပြီး..."

"ဟင့်အင်း  ထွက်သွားဖို့ရာစိတ်ကူးမရှိဘူး...မကြိုက်တောင်ဆက်ရှိသွားမယ်ဘေးမှာ...အဆုံးရှုံးမခံနိုင်တော့လို့...."

*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*

ဂျုံဆောင်းတစ်ယောက်အိပ်စက်ချင်းဆီသို့ဦးတည်လည်းအိပ်မပျော်...အိပ်မက်ကိုသာ‌စိုးရိမ်နေသည်

တကယ်မဖြစ်နိုင်ဘူးဆိုတာသိနေသော်လည်း သူ့စိတ်ခံစားချက်တွေမကောင်း...ဒါမှမဟုတ်တကယ်ဖြစ်လာမှာလား...ဒါတွေမတွေးချင်တော့

သူတွေးနေသည်မှာက...သူကောင်လေးကိုဖွင့်ပြောမှဖြစ်တော့မည်...ကောင်လေးကိုဘယ်လောက်ချစ်မှန်းသူသေချာသိသွားပြီ...စိတ်ကစားခြင်းလည်းမဟုတ် တကယ်ကိုချစ်မိသွားပြီဆိုတာ....

ဒါပေမယ့်ကောင်လေးကရော...သူဒါတွေးမိတိုင်းအမြဲနာကျင်ရသည်...ထိုကောင်လေးရဲ့စိတ်ကိုသူမသိ...သူသိသည်တာသူထိုကောင်လေးကိုချစ်သည်ဆိုတာပင်...သူချစ်သလိုထိုကောင်လေးကသူ့ကိုပြန်မချစ်ရင်...........

သူကိုယ်တိုင်ပြတ်သားမှရတော့မည်...ကောင်လေးစိတ်ကိုအမှန်အတိုင်းသိအောင်လုပ်ရမည်...အဖြေကဝမ်းနည်းစရာဖြစ်ဖြစ်ဝမ်းသာစရာဖြစ်ဖြစ်သူသိကိုသိမှုဖြစ်မည်...ဒါမှသူ့အတွက်ရှေ့ဆက်ဖို့ရာအကြောင်းရှိမှာမလား...အင်း..ဆုံးဖြတ်လိုက်ပြီ ဘယ်လိုပဲဖြစ်ဖြစ်ရင်ဆိုင်တော့မည်...ပတ်ဂျုံဆောင်း...ဖိုက်တင်းးးးး

နောက်တစ်နေ့နံနက်တွင်...

ဂျောင်ဝန်းတစ်ယောက်ကျောင်းကိုလာတော့သူ့ကိုစောင့်နေမယ့်ဂျုံဆောင်းကိုမျှော်နေမိသည်။ သို့သော်ဂျုံဆောင်းနှင့်တူသည်မှာ အရိပ်အယောင်ပင်မတွေ့....

"ရူးနေပြီထင်တယ်ငါတော့ ဘာကိစ္စသူ့ကိုမျှော်နေရမှာလဲ အလကားအပိုတွေ..."ကိုယ့်ကိုကိုယ်သာပြန်ပြောရင်းအခန်းထဲဝင်လာခဲ့လိုက်သည်။

"ဝေ့ ဆရာသမားဂျောင်ဝန်းလာပြီလား လာလာဒီနားလာထိုင်ပါအုန်း" နီခီကသူ့ဘေးကခုံကိုလှမ်းပုတ်ပြရင်းပြောသည်

𝙸 𝚃𝚑𝚒𝚗𝚔 𝙸 𝙻𝚘𝚟𝚎 𝚄 𝚆𝚑𝚎𝚗 𝙸 𝚂𝚎𝚎 𝚈𝚘𝚞𝚛 𝙳𝚒𝚖𝚙𝚕𝚎✅Donde viven las historias. Descúbrelo ahora