Part 14🤍

348 52 2
                                    

❤️..........

အီဟီဆွန်းတစ်ယောက်အတန်းထဲဝင်လာသောသူ၏သူငယ်ချင်းကိုကြည့်ကာသက်ပြင်းအခါခါချမိသည်

ဒီကိစ္စကိုစဉ်းစားကြည့်ရင် ဟိုကလေးအပြစ်မရှိဟုပြောလို့လည်းမရအပြစ်ကလည်းရှိနေသည် သို့ပေမယ့်မိမိသူငယ်ချင်းကလည်းမှန်တစ်ဝက်မှားတစ်ဝက် ကြားထဲကနေလည်းပြေလည်အောင်ဖျန်ဖြေပေးရုံကလွဲ၍ဘာမှမလုပ်နိုင်

သူ့သူငယ်ချင်းဒီကောင်လေးကိုဘယ်လောက်ချစ်သလဲဆိုတာသူသာအသိဆုံး ဟိုကောင်လေးကလည်းသူ့ကိုမချစ်သည်မဟုတ် ဘေးကကြည့်ရုံနဲ့သိသာလှသည်

"ဟီဆွန်း ငါဒီနေ့အတန်းမတက်တော့ဘူးကွာ ပြန်နှင့်တော့မယ် ဆရာမကိုမင်းပဲကြည့်ပြီးခွင့်တိုင်ပေးကွာ သွားပြီ"

"အင်းပါ ဂရုစိုက်ပြန်နော် ဘယ်မှလည်းလျှောက်ဝင်မနေနဲ့အုန်း အိမ်တန်းပြန်ကြားလား"

"အေးပါ သွားပြီ"

ဟီဆွန်းတစ်‌ယောက် သူ့သူငယ်ချင်းပြန်သွားချိန်အထိစိတ်ထဲမသက်သာသေး သက်ပြင်းသာအခါခါချနေမိပြန်သည်







Ting~~~Ting~~~

ဂျုံဆောင်းတစ်ယောက်ကျောင်းမှပြန်လာကတည်းကအိပ်ရာထဲတွင်အိပ်‌ပျော်သွားသည်မှာ ဖုန်းလာသံကြားမှသာနှိုးလာခဲ့သည်

နာရီကိုကြည့်မိတော့ ညနေ6နာရီ...

ဖုန်းအဝင်callကိုကြည့်တော့ "ပိကျိပေါက်🐈"

စိတ်ထဲတွင်ဝမ်းသာပြီးချက်ချင်းကိုင်ဖို့ရန်ပြင်လိုက်သော်လည်း ထိုအကြောင်းတွေးမိလိုက်ကာလက်ရုတ်လိုက်ပြီးမကိုင်ဖြစ်ခဲ့လိုက်

ဖုန်းကကျသွားခဲ့ပြီ သို့ပေမယ့်အဆက်မပြတ်ဖုန်းသံကဆက်တိုက်ထွက်ပေါ်နေပြန်သည်

မကိုင်မချင်းကိုခေါ်နေသောကြောင့် 5ကြိမ်မြောက်callတွင်တော့ကိုင်လိုက်ရသည် ဒီကောင်လေးအကြောင်းသူသိတာပေါ့ တစ်ညလုံးမကိုင်မချင်းခေါ်နေမယ်ဆိုတာကို

"အင်း ပြော"

"...."

"ပြောစရာမရှိဘူးလား မရှိရင်လည်းချလိုက်တော့ လူကိုမနှိပ်ဆက်ပါနဲ့တော့"

𝙸 𝚃𝚑𝚒𝚗𝚔 𝙸 𝙻𝚘𝚟𝚎 𝚄 𝚆𝚑𝚎𝚗 𝙸 𝚂𝚎𝚎 𝚈𝚘𝚞𝚛 𝙳𝚒𝚖𝚙𝚕𝚎✅Where stories live. Discover now