Part 5🤍

557 78 22
                                    

UNICODE

ကံတရားစီမံရာအတိုင်းသွားကြမလား.......သူတို့ကံကြမ္မာသူတို့ဖန်တီးကြမလား...ဆိုတာ..........

နေ့လည်ထမင်းစားချိန်တွင် သုံးယောက်သားထမင်းမစားပဲကျောင်းခေါင်မိုးထပ်ဖြစ်သောသူတို့လာနေကြနေရာ...ထမင်းစားချိန်တိုင်းမစားဖြစ်ကြပဲဒီနေရာသာသူတို့လာနေကြဖြစ်သည်...

"Yrrr...ဂျောင်ဝန်း...ငါတောင်းပန်ပါတယ်ကွာ အဲ့လိုကြီးတော့မလုပ်ပါနဲ့...မင်းကြိုက်တာပြောကွာ ငါတို့နှစ်ယောက်လုပ်ပေးမယ် ဟုတ်ပြီလား အဲ့အကိုကြီးကိုတော့အဲ့လိုမလုပ်ပါနဲ့ကွာနော်~"ဆောနူပြောလေတော့သည်

"အေးလေကွာ...မင်းလိုချင်တာပြောလိုက် ငါတို့နှစ်ယောက်အကုန်လုပ်ပေးမယ်ကွာလေနော်~"နီခီလည်းဝင်ပြောတော့သည်

သူတိူ့ငယ်ချင်းမလုပ်သင့်တာမလုပ်အောင်တားဖို့ကသူတို့တာဝန်မဟုတ်ပါလား....ဂျောင်ဝန်းတစ်ယောက်ဒီကျောင်းကိုပြောင်းလာသည်မှာလည်းသူတို့သုံးယောက်အတူတူကျောင်းတက်ချင်၍သာ....

ငယ်ငယ်ကတည်းကအတူတူပခုံးဖက်ပြောင်းလာကြသည့်သူငယ်ချင်းသုံးယောက်...ဂျောင်ဝန်းတို့အလယ်တန်းလောက်မှာမိဘများတာဝန်ကျရာသို့ပြောင်းရွေ့ခဲ့ရသည်...ခုလည်းအထက်တန်းပထမနှစ်တွင်သူတို့သူငယ်ချင်းသုံးယောက်မခွဲနိုင်၍သာဂျောင်ဝန်းမှာအဘွားနှင့်အတူတူပြန်လာနေခြင်းဖြစ်သည်....

"မင်းတို့တကယ်ပြောနေတာလား ငါလိုချင်တာကြိုက်တာပြောလို့ရတယ်ပေါ့ မင်းတို့မငြင်းရဘူးနော်"‌ဂျောင်ဝန်းပြောတော့ဘေးကနီခီနဲ့ဆောနူပြုံးမိသည်

"အေး မင်းလိုချင်တာဘာဖြစ်ဖြစ်ငါတို့လုပ်ပေးမယ်ကွာ"နီခီပြောတော့

"ဟုတ်တယ် မင်းလိုချင်တာသာပြောလိုက်"ဆောနူဝင်ပြောသည်

"ငါလိုချင်တာက...မင်းတို့နှစ်ယောက်ဒီကိစ္စမှာဝင်မပါဖို့ပဲ ကျန်တာကြိုက်တာဝင်ပြောဝင်ပါလို့ရတယ် ခုကိစ္စကိုတော့ မင်းတို့မသိသလိုပဲနေပေးလေကွာနော်~"ဂျောင်ဝန်းပြောတော့

ဘေးကနီခီနဲ့ဆောနူတို့စားပွဲပေါ်ခေါင်းမှောက်ချရင်းသာသက်ပြင်းချမိသည်....ပြီးမှခေါင်းပြန်ထောင်လာရင်း.....

𝙸 𝚃𝚑𝚒𝚗𝚔 𝙸 𝙻𝚘𝚟𝚎 𝚄 𝚆𝚑𝚎𝚗 𝙸 𝚂𝚎𝚎 𝚈𝚘𝚞𝚛 𝙳𝚒𝚖𝚙𝚕𝚎✅Where stories live. Discover now