Part 12🤍

367 61 0
                                    

UNICODE

"Yrrrr....သည်းမခံနိုင်တော့ဘူး သည်းမခံနိုင်တော့ဘူး"

ချစ်သူနှစ်ယောက်ချစ်ကြည်နူးနေချိန်တွင် အသံကျယ်ကြီးတစ်ခုပေါ်ထွက်လာသည် အသံလာရာမှာကားးး

"ဘာဖြစ်ရတာလဲ ဟီဆွန်းရာ..."

"ဘာဖြစ်ရမှာလဲ ဟုတ်လား မင်းတို့နှစ်ယောက်ကျောင်းမှာကြည်နူးရတာတင်အားမရလို့ ငါ့အိမ်ထိလာကြည်နူးနေကြတာလေ ငါ့ကိုသနားကြပါအုန်း"

စာမေးပွဲနီးပြီမို့ ဟီဆွန်းတစ်ယောက်သူရဲ့တစ်ဦးတည်းသောချစ်သူငယ်ချင်းကြီးကို အိမ်ခေါ်ပြီးစာကျက်မိသည်က သူ့ရဲ့မဟာအမှားဖြစ်မှန်းမသိခဲ့လေခြင်း

အကြောင်းမှာ သူ့ရဲ့သူငယ်ချင်းကြီးက သူ့ရဲ့ချစ်ရသူလေးကိုမခွဲနိုင်ဟုဆိုကာအိမ်ကိုအပါခေါ်လာခြင်း ဟိုကလည်းမလိုက်ချင်ရှာပါဘူး နည်းနည်းပါးပါးလေးတောင်ပြင်ဆင်မလာဘူး အိမ်နေရင်းဝတ်စုံကြီးနဲ့လိုက်ချလာတာ ခေါင်းတောင်ဖြီးခဲ့ရဲ့လားမသိ

နောက်ပြီး သူ့သူငယ်ချင်းကြီးက ပရိုမိုးရှင်းဆင်းထားပေးတာ ဟီဆွန်းပြုတ်ကျွေးတဲ့ခေါက်ဆွဲပြုတ်ကတအားစားကောင်းတာဆိုပြီး အဲ့တော့လည်းပြုတ်ကျွေးရတာပေါ့

ရောက်ကတည်းကခုထိစာလည်းမကြည့်ရသေးဘူး သူတို့ကြည်နူးဖို့ကိုယ်ကကြားထဲကနေတကူးတကစီစဉ်ပေးထားသလိုနဲ့

နောက်ပြီး ပြုတ်ကျွေးတဲ့လူကိုမှအားမနာ ဟိုလူစားဒီလူစားလုပ်နေတာ ကြာထဲကနေသူကစားရမလို ပြန်ချရမလိုနဲ့

"မင်းတို့စားမှာလား မစားဘူးလား မစားချင်လည်းနေ ငါဆစ်ယောက်ထဲစားမယ်"

ခေါက်ဆွဲအိုးကိုသူ့ဘက်ဆွဲလိုက်တော့မှ...

"စားမှာပါကွာ ဒီဘက်တိုးပါအုန်း"

"စားပါ့မယ် ဟီဆွန်းHyungရယ် စိတ်ကလည်းလက်တစ်ဆစ်လေး"

တတ်လည်းတတ်နိုင်လိုက်ကြတာ...ပြောလိုက်သေးတယ် စိတ်လက်တစ်ဆစ်တဲ့ တကယ်သာစိတ်လက်တစ်ဆစ်ဆို သူတို့နှစ်ယောက်ခုချိန်ဆိုသူ့အိမ်မှာရှိမှာတောင်မဟုတ်တော့ဘူး...ဟွန်းငါနော််






𝙸 𝚃𝚑𝚒𝚗𝚔 𝙸 𝙻𝚘𝚟𝚎 𝚄 𝚆𝚑𝚎𝚗 𝙸 𝚂𝚎𝚎 𝚈𝚘𝚞𝚛 𝙳𝚒𝚖𝚙𝚕𝚎✅Where stories live. Discover now