UNICODE
"သွားခွင့်ပြုလိုက်တော့မယ်....ကိုယ်မဖက်တွယ်ထားချင်တော့ဘူး...ကိုယ့်ကိုမချစ်တဲ့သူတစ်ယောက်ကို..."
"ထွက်မသွားပါနဲ့....တောင်းပန်ပါတယ်...ခင်များမရှိရင်မနေတတ်တော့ဘူးထင်တယ်...."
_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-_-
ကျောင်းဆင်းချိန်တွင်ဂျုံဆောင်းတစ်ယောက်ကျောင်းရှေ့၌ဂျောင်ဝန်းအားစောင့်နေလေ၏။
ဟီဆွန်းကတော့သူငယ်ချင်းအားမနိုင်တော့ဟုဆိုကာအရင်ပြန်နှင့်လေတော့ဂျုံဆောင်းတစ်ယောက်တည်းကျန်ခဲ့လေသည်...
ဟီဆွန်းပြောသလိုတအားများသိသာနေလား~~~အကဲပိုလွန်းနေလား???
သူ့ဘက်ကသာကောင်လေးအပေါ်ခံစားချက်တွေထားနေတာတစ်ဖက်ကကောင်လေးကရောသူ့အပေါ်ခံစားချက်တွေရှိရဲ့လား...စတွေ့တာမှမကြာသေးတာသဘောကျနေပြီချစ်နေပြီလို့ပြောရင်လက်ခံမှာလား?မဖြစ်နိုင်လောက်တာလို့ပြောပြီးမုန်းသွားမလား?
နောက်ပြီးခုမှအထက်ကျောင်းသားတွေရှိသေးတာကိုစိတ်ကစားတာလို့ထင်မလား?ခုသူကိုယ်တိုင်ကရောစိတ်ကစားတာပဲလား?ခုချိန်သူဒါတွေဆက်မစဉ်းစားချင်ပါ...ချစ်နေရရင်ကိုကျေနပ်နေပြီပဲမလား...
စောင့်နေရင်းတွေးနေရာကနေကျောင်းထဲလှမ်းကြည့်လိုက်တော့တွေ့ပါပြီ သူ့ကိုလက်လှမ်းပြပြီးပြုံးပြကာသူ့သူငယ်ချင်းက်ုနှုတ်ဆက်နေတာ...တခါတလေတွေးမိတယ်ဒီကောင်လေးလည်းသူ့လိုပဲခံစားနေရသလားလို့~~~ကိုယ့်ကိုအဲ့လိုမျိူးတွေလုပ်ပြပြီးမျှော်လင့်ချက်တွေမပေးပါနဲ့လား..ကောင်လေးရာ~~~
"ဂျုံဆောင်း Hyung...ကျွန်တော့်ကိုစောင့်နေတာလား?"ဆိုပြီးသူ့ဆီပြေးလာနေတဲ့ကောင်လေးအမေးကို
"ဟုတ်တယ် ဂျောင်ဝန်းလေးနဲ့ပိုပြီးရင်နှီးချင်လို့ အိမ်အတူတူပြန်မလို့ရမယ်မလား?"လို့မေးကြည့်တော့တစ်ဖက်ကကောင်လေးက
"အာ...ရတာပေါ့ ဘာလို့မရရမှာလဲ ကျွန်တော်လည်းHyungနဲ့အိမ်အတူတူပြန်ချင်တာပေါ့"လို့ဖြေလာတော့ သူအတိုင်းမသိဝမ်းသာမိသလိုဝမ်းလည်းဝမ်းနည်းမိသည်...ကောင်လေးကသူ့အပေါ်ရိုးရိုးသားသားအကိုတစ်ယောက်လိုခင်တာမလား...သူ့ဘက်ကသာမရိုးမသားခံစားချက်တွေထားနေတာ...ဒီလိုဆိုတော့လည်းကောင်လေးအပေါ်အားနာမိသည်....
![](https://img.wattpad.com/cover/279218353-288-k346796.jpg)
VOUS LISEZ
𝙸 𝚃𝚑𝚒𝚗𝚔 𝙸 𝙻𝚘𝚟𝚎 𝚄 𝚆𝚑𝚎𝚗 𝙸 𝚂𝚎𝚎 𝚈𝚘𝚞𝚛 𝙳𝚒𝚖𝚙𝚕𝚎✅
Fanfiction"ပျောက်သောသူ ရှာရင်တွေ့၊ သေသောသူ ကြာရင် မေ့ " ဆိုတဲ့ စကား ရှိပေမယ့် စွဲလန်းမှု၊ အချစ်ကြီးမှု၊ နက်နက်နဲနဲ မြတ်နိုးညှိတွယ်မှုတွေ ရှိထားခဲ့ရင် အဲ့စကားစုကို မမှန်ဘူးလို့ ပြောကြမယ့်သူတွေ ရှိမယ်ထင်ပါရဲ့.... "သေသောသူ ကြာရင်မေ့"ဆိုတဲ့ စကားဟာ ဝမ်းနည်းစိတ်ကိ...