Part 16🤍(Final)

790 61 0
                                        

❤️....................

"သိပ်လွမ်းနေခဲ့တာ အဲ့အပြုံးလေးကို....ဝန်းငယ်‌လေးကိုအရမ်းကိုလွမ်းနေခဲ့တာလေကွာ.........

ဝန်းငယ်လေး....နေကောင်းတယ်မလားဟင် Hyungလာတာအရမ်းနောက်ကျသွားလား အကြာကြီးစောင့်နေခဲ့ရမှာပဲနော် ပင်ပန်းသွားစေမိခဲ့တဲ့အတွက်တောင်းပန်ပါတယ်နော်"

ဂျုံဆောင်းတစ်‌ယောက် စကားတွေအဆက်မပြတ်ပြောနေပေမယ့် သူ့ရှေ့က‌သူ့ချစ်ရသူလေးမှာအပြုံးမပျက်....

ဂျုံဆောင်း သူ့နောက်မှာရှိတဲ့ သူ့သူငယ်ချင်းကိုလှမ်းပြီး

"ဟီဆွန်း ဒီမှာ ကြည့်ပါအုန်း ဘယ်သူကငါ့ဝန်းငယ်လေးပုံယူပြီး ဒီမှာလာထားထားရယ်မသိဘူး တော်တော်နောက်တဲ့သူတွေ မင်းတို့ငါ့ကိုစချင်လို့ တမင်ထားထားတာမလား

ခေါ်ပေးပါတော့ကွာ ငါ့ဝန်းငယ်လေးကို...ငါအရမ်းတွေ့ချင်နေပြီ"

"ဝန်းနီး ထွက်လာပါတော့ကွာ Hyungကိုမနောက်နဲ့လေနော် Hyungနောင်တတွေလည်းရနေပါပြီ ထွက်လာခဲ့တော့နော်

ဟီဆွန်း ဝန်းနီးကိုခေါ်ပေးပါဦး ဆောနူ နီခီ ခေါ်ပေးကြပါဦးကွာ"

ဂျုံဆောင်းတစ်ယောက် အရူးတစ်ယောက်ပမာ တစ်‌ယောက်ထဲစကားတွေပြောပြီး ဂနာမငြိမ်ဖြစ်နေသည်

နောက်ဆုံးတော့ ဟီဆွန်းတစ်ယောက်သူငယ်ချင်းခံစားနေရတာကို ထပ်မကြည့်နေနိုင်တော့.....

"ဂျုံဆောင်းရာ...စိတ်ထိန်းပါဦး စိတ်ထိန်းပါဦးကွာ"

"ဝန်းနီးက ခုမရှိတော့ဘူးလေ စိတ်ထိန်းပါဦး"

"မင်းတို့ငါ့ကိုပေါင်းလိမ်နေကြတာမလား"

"ငါ့ကိုမစကြပါနဲ့တော့ အရှုံးပေးပါတယ်ဟုတ်ပြီလား ဝန်းနီးကို မြန်မြန်ခေါ်ပေးကြပါကွာ"

ခွပ်...

ဟီဆွန်းမှ ဂျုံဆောင်းမျက်နှာကိုထိုးလိုက်ခြင်းဖြစ်သည်

"စိတ်ထိန်းလို့ပြောနေတယ်လေ ဝန်းနီးကမရှိတော့ဘူး လွန်ခဲ့တဲ့သုံးနှစ်ကတည်းက မရှိတော့တာ"

"မဖြစ်နိုင်တာ...လိမ်နေတာ"

"တကယ်ပြောနေတာပါကွာ"

𝙸 𝚃𝚑𝚒𝚗𝚔 𝙸 𝙻𝚘𝚟𝚎 𝚄 𝚆𝚑𝚎𝚗 𝙸 𝚂𝚎𝚎 𝚈𝚘𝚞𝚛 𝙳𝚒𝚖𝚙𝚕𝚎✅Tempat cerita menjadi hidup. Temukan sekarang