Part 10🤍

434 69 3
                                    

UNICODE

TingTone~~~

*Hello ယန်ဂျောင်ဝန်းပြောနေပါတယ် *

ဂျောင်ဝန်းတစ်ယောက်ဖုန်းလာသံကြောင့်နှိုးတစ်ဝင်မနှိုးတစ်ဝက်နဲ့ထကိုင်လိုက်တော့

*ခုမှနှိုးတာလား *

*အာ ဂျုံဆောင်းHyung အင်း ခုမှနှိုးတာ *

*ဒါဆိုလည်းမြန်မြန်ထတော့လေ ကျောင်းချိန်နီးနေပြီ Hyung မှတ်တိုင်နားလေးကနေစောင့်နေမယ်နော် *

*Nae Hyung *

ဂျောင်ဝန်းခုချိန်ထိကောင်းကောင်းမနှိုးသေး

ရုတ်တရက်နာရီကြည့်မိတော့ 8နာရီခွဲ!!!

"အန်သွဲ့ ‌ယန်ဂျောင်ဝန်းဘယ်လိုတွေတောင်အိပ်နေတာလဲ "

တစ်ယောက်ထဲပြာတိပြာယာမျက်နှာသစ်အဝတ်လဲပြီးထွက်လာတော့ အိမ်ရှေ့မှာစောင့်နေတဲ့သူ

"Hyung မှတ်တိုင်မှာစောင့်နေမယ်ဆို "

"အစကမှတ်တိုင်ကစောင့်မလို့ပဲ အိမ်ရှေ့ရောက်လက်စနဲ့ဒီကနေပဲစောင့်လိုက်တာ အဆင်မပြေလို့လား "

"မဟုတ်ပါဘူး Hyungကလည်း သွားကြမယ်လေ နောက်တောင်ကျတော့မယ် မြန်မြန် "

မှတ်တိုင်ရောက်တဲ့အထိနှစ်ယောက်သားစကားမပြောဖြစ်ကြ အတွေးတစ်ခုဆီဖြင့်လျှောက်လာကြသည်

"အာ ကားမမှီတော့ဘူး ဘယ်လိုလုပ်ကြမလဲ Hyung  ကျွန်တော့်ကြောင့်Hyungနောက်ကျသွားပြီ"

"ဂျောင်ဝန်းလေးကြောင့်မဟုတ်ပါဘူး Ummmမမှီအတူတူ ဒီနေ့ ကျောင်းလစ်ကြမလား "

"hehe...မဆိုးဘူးနော် အဲ့လိုလုပ်ကြမလား "

"ဒါမျိုးဆိုနှစ်ခါခေါ်စရာမလိုဘူး ဒီကလေး ဒါနဲ့ ဘယ်ကိုသွားချင်လဲ "

ခေါင်းလေးကိုင်ပြီးဆံပင်လေးဖွမေးလိုက်တော့ ဂျောင်ဝန်းရင်ထဲအမည်မသိတဲ့လေပြေလေးဖြတ်တိုက်သွားလျက်~~~

"Ummmအရင်ဆုံးမနက်စာစားကြမလား အိပ်ယာထနောက်ကျတာနဲ့ဘာမှမစားခဲ့ရသေးဘူး "

"ဂျောင်ဝန်းလေးသဘော ဘာစားမလဲHyungဝယ်ပေးမယ်လေ "

"ထမင်းလိပ်ပဲစားလိုက်ပါ့မယ် Hyungရောစားခဲ့ပြီလား"

𝙸 𝚃𝚑𝚒𝚗𝚔 𝙸 𝙻𝚘𝚟𝚎 𝚄 𝚆𝚑𝚎𝚗 𝙸 𝚂𝚎𝚎 𝚈𝚘𝚞𝚛 𝙳𝚒𝚖𝚙𝚕𝚎✅Où les histoires vivent. Découvrez maintenant