Ep-15

5.7K 203 6
                                    

   လင်းမမကိုကျောက်ကပ်လှူနိုင်ဖို့စစ်စရာရှိတာတွေစစ်ပြီးအဖြေကိုထိုင်စောင့်နေတယ်။

"Doctorလင်းလှူလို့ရတယ်ဟုတ်။''

"ကံကောင်းစွာနဲ့မင်းနဲ့ကိုက်ညီပါတယ်။မင်းအမကိုမင်းကယ်လို့ရပြီး''

"ကျေးဇူးတင်ပါတယ်ဆရာ။ကျေးဇူးတင်ပါတယ်။''

"အဲ့ဆိုကျွန်တော်ကျန်တဲ့မိသားစုတွေကိုသွားပြောလိုက်ဉီးမယ်။ခွင့်ပြုပါဉီး။''

"ဟုတ်ကဲ့ပါဆရာ''

လင်းမမကိုကယ်လို့ရပြီးလေ။မမမသေတော့ဘူး။လင်းဆေးရုံးကနေထွက်လာတော့လူတွေကလင်းကိုကြည့်ပြီးတိုးတိုးတိုးတိုးနဲ့ပြောနေကြတယ်။

"ဟဲ့အဲ့တစ်ယောက်ပေါ့ငါပြောတာ။သူကြောင့်သူ့အမအဲ့လိုဖြစ်တာ။''

"ဟုတ်လ်ို့လားဟယ်''

"နင်သတင်းမကြည့်ဘူးလား။သူကသူ့အမရဲ့ရည်းစားကိုလုယူထားတာလေ။ဟိုကသူကိုမချစ်ဘဲတာဝန်ယူထားတာ။CEOမာန်ကသူ့အမကိုဘဲချစ်တာ။နင်မတွေ့ဘူးလားသူအမကြောင့်သူ့က်ိုထ်ိုးလိုက်တာလေ။သူအမကိုceoမာန်ကချစ်တော့သူအဲ့လိုလုပ်လိုက်တာနေမှာပေါ့သူ့အမကို''

  "ဟုတ်လား။ရွံစရာကြီးဟယ်။သူများရည်းစားကိုများ။ကိုယ့်အမကိုမှအားမနာဟာ။''

လင်းသူတို့ပြောနေတာအကုန်ကြားနေရတယ်။လင်းကအဲ့လိုလူမျိုးမဟုတ်ပါဘူး။လင်းကိုကို့ကိုချစ်မိတာကဘာမှားနေလို့လဲ။လင်းလည်းချစ်ခွင့်ရှိတယ်လေ။လင်းချစ်တာအပြစ်ဖြစ်နေတာလား။မဟုတ်ရင်လင်းမွေးဖွားလာတာကိုကအပြစ်ဖြစ်နေတာလား။

"လင်းရောင်စဉ်''

"ပန်းအိငါကိုဒီကနေခေါ်သွားပေးပါဟာ။ငါတောင်းပန်ပါတယ်''

"အေးးပါ။''

လင်းကိုပန်းအိတို့က ကားပေါ်ခေါ်သွားကြတယ်။ကားပေါ်ရောက်တော့ဝဏ္ဏက

  "လင်းမင်းအဆင်ပြေရဲ့လား။ငါတို့သတင်းတွေ့လို့လိုက်လာတာ။ဘယ်လိုဖြစ်တာလဲလင်း''

  "ငါမမကိုအဲ့လိုမလုပ်ပါဘူးဝဏ္ဏရယ်။ငါကအဲ့လိုလူယုတ်မာမဟုတ်ပါဘူး။နင်တို့သိလားငါ့ကိုဘယ်သူမှမယုံဘူး။ကိုလည်းမယုံဘူး။''

ကျွန်တော့်ရဲ့အရှင်သခင်(Complete)Where stories live. Discover now