Ep-18

6.3K 209 2
                                    

မာန်ဒီရက်ပိုင်းလင်းရောင်စဉ်ကိုမတွေ့မဘူး။မာန်တွေးမိတယ်အကယ်၍သူသာအဲ့လိုမလုပ်ခဲ့ရင်ကျွန်တော်ချစ်ပေးနိုင်တဲ့မောင်လေးအဖြစ်ရှိနေမှာ။အခုတော့သူ့က်ိုမုန်းလွန်းလို့။ထက်အခုလိုဖြစ်တာကျွန်တော့်ကြောင့်ဖြစ်တာ။အဲ့နေ့က ကျွန်တော်အဲ့clubကိုမသွားဖြစ်ရင်ဒီလိုအခြေအနေတွေဖြစ်လာမှာမဟုတ်ဘူး။အကုန်ကျွန်တော့်အမှားဘဲ။

လင်းဒီမှောင်တဲ့နေရာမှာနေရာတာတော်တော်ကြာနေပြီး။လင်းခြေတွေလက်တွေကိုသံကြိုး​တွေနဲ့ခတ်ထားလို့လှုပ်လိုက်တိုင်းနာနေတယ်။လင်းဘယ်အချိန်ထိဒီမှာနေရမှာလဲ။လင်းကိုတစ်ယောက်မှလိုက်မရှာကြဘူးလား။ကိုကိုရောလင်းပျောက်နေတာမသိဘူးလား။

ကျွီ,.......

  "ဟေးbaby လေး။မင်းလေးအတွက်လက်ဆောင်ပါတယ်။အင့်....ကြည့်လိုက်စမ်းဒီသတင်းစာကို''

မာန်davidပေးတဲ့သတင်းစာကိုကြည့်လိုက်တော့သတင်းခေါင်းစဉ်ကလင်းရဲ့စိတ်ကိုဟို့အောက်ဆုံးထိရောက်အောင်ဆွဲချသွားတယ်။ZCompanyရဲ့CEOမာန်ကလက်ထပ်ထားတဲ့ကောင်လေးကိုဂရုမစိုက်ဘဲချစ်သူဟောင်းဘေးနားမှာအမြဲစောင့်နေတဲ့လေ။သတင်းစာထဲကိုပုံထဲမှာကိုကိုကမမလက်ကိုကိုင်ပြီးစကားပြောနေတဲ့ပုံ။

  "မဟုတ်ဘူး။အဲ့လို''

   "ဟေးးနောက်တစ်ရွက်ကိုကြည့်လိုက်ပါဉီး။မိသားစုစုံညီစွာနဲ့ရောက်နေတာဆေးရုံကို။မာန်ဇေရဲရဲ့မိဘတွေကလည်းကြည့်စမ်းသူတို့ချွေးမဖြစ်တဲ့သူကိုစိတ်ပူလ်ို့လာကြည့်ကြတယ်။Babyမင်းကသူ့တို့အတွက်ဘာမှအရေးမပါဘူး။ကြည့်စမ်းမင်းပျောက်နေတာတစ်ယောက်မှမသိကြဘူး။သူတို့ချစ်တဲ့ထက်ရတနာကိုဘဲစိတ်ဝင်စားကြတာ။လင်းရောင်စဉ်မင်းကသူတို့အတွက်အသုံးမလိုဘူးလ်ို့သိလား။''

  "မဟုတ်ဘူး။သူတို့ကျွန်တော်ကိုချစ်တယ်။ခင်ဗျားလိမ်နေတာ''

   "ဟားဟားးးးမင်းကိုမချစ်ကြဘူးလင်းရောင်စဉ်''

လင်းလက်နှစ်ဖက်နဲ့နားတွေကိုပိတ်ကာ

   "မပြောနဲ့။သူတို့ချစ်တယ်လို့။အားးးးထွက်သွားးးးအားလုံးကိုမုန်းတယ်။''

  ကျွီ.....

    "David''

   "ရောက်လာပြီးလား။ကြည့်စမ်းသူ့ကို''

   "ငါတို့နောက်ဆုံးဆေးကိုသုံးလို့ရပြီးဒီအခြေအနေဆိုရင်။ဒီဆေးသာသုံးပြီးရင်သူ့အခြေအနေကသွားပြီးဘဲ။မင်းပြောတယ်သူခွဲစိတ်စရာကိစ္စရှိတယ်ဆို။မရတော့ဘူးအဲ့ခွဲစိတ်မှုကိုလုပ်ဖို့။သူလုပ်ရင်သူသွားပြီးဘဲ''

   "ဟားဟားးးးးးးငါလိုချင်တာအဲ့လိုမျိုး။ကဲချစ်လှစွာသောအမကိုမင်းဘယ်လိုကယ်မလဲbaby။ဆေးထိုးလိုက်တော့။ခွဲစိတ်ဖို့ကသုံးရက်ဘဲကျန့တော့တာဆိုတော့သူ့ကိုအိပ်ပြန်ပို့လ်ိုက်မယ်။''

   "Ok..Good Luck ပါကောင်လေး''

   "ဟင်းးးးဟေ့ကောင်တွေသူ့ကိုအိမ်သေချာလိုက်ပို့ပေးလိုက်''

    "ဟုတ်ကဲ့Boss''

သူတို့လင်းက်ိုကားထဲထည့်ကာခေါ်သွားကြတယ်။ဟိုရောက်တော့သူတို့ကားတံခါးဖွင့်ပြီးတာနဲ့လင်းကိုပစ်ချပြီးမောင်းသွားကြတယ်။

    "ဒီတိုင်းဘဲပစ်ချလိုက်''

    "ဘုတ်.....''

လင်းသူတို့ပစ်ချသွားတဲ့နေရာကနေကုန်းရုန်းထပြီးအိမ်ထဲဝင်ခဲ့တယ်။အိမ်ထဲရောက်တော့တစ်အိမ်လုံးမှောင်မဲနေရော။အိမ်ကိုဘယ်သူမှလည်းမရောက်လာခဲ့ဘူး။လင်းကိုဘယ်သူမှလဲမရှာခဲ့ကြဘူး။တစ်ယောက်ထဲဘဲအမြဲတမ်း။ဘယ်လိုဘဲလုပ်လုပ်အထီးကျန်နေတာတွေကမပျောက်သွားဘူး။လင်းအိပ်ခန်းထဲဝင်ပြီးတာနဲ့အမှောင်ထဲမှာထိုင်ချကာ

   "အီးးးဟီးးအီးးးဟီးးး"

လင်းနာကျင်နေတဲ့နှလုံးသားနေရာကိုနာကျင်တာပျောက်လိုပျောက်ငြားလက်တီးဖြင့်ထုနေမိတယ်။

ဘုန်းးဘုန်းးးဘုန်းးး

   "ဘာလို့ငါဘဲလဲ။အမြဲတမ်းဘာလို့အထီးကျန်နေရတာလဲ။တစ်ခါလောက်လေးဘဲဂရုစိုက်ပေးလို့မရဘူးလား။တစ်ခါလေးဘဲလင်းကိုချစ်တယ်လို့ခံစားမိခြင်လို့။တကယ်ဘဲပင်ပန်းနေပြီးချစ်ရတာကို။အမြဲတမ်းဂရုစိုက်မှုတွေကိုစောင့်မျှော်နေရတာလည်းပင်ပန်းနေပြီး။အရာအားလုံးကိုလွှတ်ချချင်နေပြီး။''

ကျွန်တော့်ရဲ့အရှင်သခင်(Complete)حيث تعيش القصص. اكتشف الآن