မာန်လင်းရောင်စဉ်ကိုမှန်အပြင်ဘက်ကနေကြည့်နေမိတယ်။သူတစ်ကိုယ်လုံးမှာဆေးထိုးအပ်တွေကြီးဘဲ။ပါးစပ်လေးဟပြီးoxygenကိုရူနေတယ်။မာန်ရဲ့နှလုံးသားကဘာလို့ဒီလောက်တောင်နာနေရတာလဲ။
"မာန်doctorဆီသွားရမယ်ဟုတ်။အန်တီတို့သွားပြီး''
"အင်းး''
အခန်းလေးတစ်ခန်းထဲမှာတော့လူလေးယောက်ရဲ့အသံရူသံတွေဘဲကြားနေရတယ်။
"Doctorကျွန်တော့်သားလေးရဲ့အခြေအနေကိုပြောပြပေးပါ''
"ကျွန်တော်အမှန်အတိုင်းဘဲပြောပါမယ်။အမှန်တော့လင်းရောင်စဉ်ကသူ့အမကိုကျောက်ကပ်လှူပေးလို့မရပါဘူး။အကယ်၍သူလှူရင်သူအသက်အန္တာယ်ရှိပါတယ်ဒါကိုလည်းသူသိပါတယ်။''
"ဆရာဘာကိုပြောချင်တာလည်း။ကျွန်တော်တို့ဆေးစစ်တာအကုန်ကောင်းတယ်လေ။''
"ဟုတ်ပါတယ်။အရင်ကသူအမကိုသူ့ကျောက်ကပ်ပေးလ်ို့ရပါတယ်။ဒါပေမဲ့လွန်ခဲ့နှစ်ရက်ကဆေးစစ်လိုက်တော့သူလုံးဝလှူလို့မရဘူးလို့အဖြေထွက်လာတယ်။စိတ်အေးအေးထားပြီးနားထောင်ပေးပါအခုကျွန်တော်ပြောမဲ့စကားကို''
မာန်ဆရာပြောတာကိုနားထောင်ပြီးစိတ်တွေပူလာတယ်။
"ဟူတ်ကဲ့ဆရာ။ပြောပါ''
"ကျွန်တော်လင်းရောင်စဉ်ကိုယ်ထဲကနေစိတ်ကျနေတဲ့သူတွေကိုထိုးတဲ့ဆေးတွေအများကြီးတွေ့ခဲ့တယ်။ဖြစ်ချင်တော့အဲ့ဆေးကတရားမဝင်ဘူး။ဆေးကသူ့ကိုယ့်ထဲကိုပမာဏတော်တော်များများရောက်နေတယ်။အဲ့ဆေးတွေကသူ့သွေးလည်ပတ်မှုကိုတော်တော်ဒုက္ခပေးနေတယ်။''
"ဆရာပြောချင်တာကသူစိတ်ရောဂါဆေးတွေသုံးထားတယ်လို့ပြောချင်တာလား''
"ပြောရမှာတော့စိတ်မကောင်းပါဘူး။သူ့ပုံစံကြည့်ရတာအတင်းထိုးခံထားရတဲ့ပုံပေါ်နေတယ်''
"ဟင်ဆရာပြောချင်တာက ကျွန်တော့်သားလေးကသူ့ကိုအဲ့ဆေးတွေအတင်းထိုးခံရတာလို့ပြောချင်တာလား။ဆရာဘယ်လ်ုကြည့်ပြီးပြောတာလဲ''
"ဟင်းးခင်ဗျားသားရဲ့လက်နှစိဖက်နဲ့ခြေနှစ်ဖက်လုံးမှာသံကြိုးခတ်ခံထားရတဒ့အရာတွေတွေ့နေရတယ်။ပြီးတော့အဲ့နေရာတွေကအသားတွေတောင်လန်နေတယ်။ကြည့်ရတာသူအတင်းရုန်းထားပုံရတယ်။''
YOU ARE READING
ကျွန်တော့်ရဲ့အရှင်သခင်(Complete)
Fantasyကျွန်တော်ဘဝမှာဘာကိုမှမျှော်လင့်ချက်မထားတော့တာတော်တော်ကြာပြီးကိုကို။ဒါပေမဲ့ကိုကိုကိုတွေ့ပြီးထဲကကျွန်တော်ကို့ကို့အချစ်ကိုမျှော်လင့်ချက်ထားခဲ့တယ်။အဲ့မျှော်လင့်ချက်ကြောင့်ကိုယ်အမကိုသစ္စာဖောက်ခဲ့တယ်။အဲ့သစ္စာဖောက်မှုကြောင့်အရာအားလုံးကိုစွန့်လွှတ်လိုက်ရတယ်...