Ep-21

8.6K 265 8
                                    

လင်းတို့နောက်နေ့ခွဲစိတ်ရတော့မယ်။လင်းနောက်ဆုံးအနေနဲ့မမကိုသွားကြည့်ချင်တယ်။လင်းမမဆီကိုသွားခဲ့တယ်။ဟိုရောက်တော့အခန်းထဲမှာမမတစ်ယောက်ဘဲရှိတယ်။လင်းမမဘေးနားမှာထိုင်ကာမမရဲ့လက်ကိုင်ပြီးလင်းရဲ့ပါးနဲ့ပွတ်ကာ..

   "မမငါ့ရဲ့မမ။အိပ်နေတာတောင်ချောနေတုန်းဘဲ။လင်းမမကိုတစ်ခုပြောချင်တယ်။နောက်ကျနေပေမဲ့။တောင်းပန်ပါတယ်မမကိုမနာလိုမိလို့။တောင်းပန်ပါတယ်မမကိုနာကျင်အောင်လုပ်မိလို့။တောင်းပန်ပါတယ်မမချစ်တဲ့ကိုကို့ကိုလုယူခဲ့မိလို့။အရာအားလုံးအတွက်တောင်းပန်ပါတယ်။အခုလင်းခိုးယူထားတဲ့မမနှလုံးသားကိုမမဆီပြန်ပေးမယ်နော်။ပြန်ပေးတါနောက်ကျသွားလို့တောင်းပန်ပါတယ်။ကိုကို့ကိုစိတ်မဆိုးနဲ့ပြန်မလာလို့ဆိုပြီး။စိတ်ဆိုးရင်လင်းကိုဘဲစိတ်ဆိုးပါ။လင်းက ကိုကို့ကိုမမဆီမသွားနိုင်အောင်ဆွဲထားမိလို့။အခုတော့လင်းပိုရှင်အမှန်ဆီပြန်ပေးမယ်။ပျော်ရွှင်ပါစေနော်လင်းချစ်တဲ့မမတို့နှစ်ယောက်။လင်းမမကိုအရမ်းချစ်တယ်။လင်းတစ်ခုတော့တောင်းပန်ပါတယ်။လင်းအတ္တကြီးမိလို့။လင်းရဲ့အစိတ်အပိုင်းတစ်ခုကမမထဲရောက်နေရင်လင်းကိုကိုနဲ့နီးနီးလေးရှိနေမိတယ်လို့တွေးမိလို့။အတ္တကြီးမိလို့တောင်းပန်ပါတယ်။''

နောက်နေ့မနက်ရောက်တော့ခွဲစိတ်ဖို့ပြင်ဆင်ရတော့တယ်။

  "အဆင့်သင့်ဖြစ်ပြီးလားလင်း''

   "ဟုတ်ကဲ့ပါ။''

လင်းကုတင်ပေါ်မှာလှဲအိပ်ပြီးတာနဲ့သူတို့ကခွဲခမ်းဘက်ကိုခေါ်သွားတယ်။ခွဲခန်းရှေ့ရောက်တော့ကြည့်လိုက်တော့daddyတို့ရောကိုကိုရောလင်းသူငယ်ချင်းတွေနဲ့ကိုကို့မိသားစုတွေပါရှိနေကြတယ်။မမကတော့ခွဲခမ်းထဲအရင်ရောက်သွားပြီးထင်တယ်။Daddyကနေပြီးတော့

   "သားငယ်ကျေးဇူးတင်ပါတယ်။''

    "လင်းငါတို့စောင့်နေမယ်နော်''

လင်းအားလုံးကိုပြုံးပြပြီးကိုကို့ကိုကြည့်မိတယ်။ကိုကိုကလင်းကိုကြည့်နေတော့ကိုကိုကအနားလှမ်းခေါ်တော့ကိုကိုအနားရောက်လာတယ်။

ကျွန်တော့်ရဲ့အရှင်သခင်(Complete)Donde viven las historias. Descúbrelo ahora