ဆရာဝန်ထွက်သွားပြီးတာနဲ့ပန်း လင်းလက်ကိုကိုင်ကာမျက်ရည်တွေကျနေမိတယ်။
"ငါတို့လင်းလေးသနားပါတယ်။ဘယ်လိုလုပ်ပေးရမလဲလင်းကို။လင်းကအဲ့လူကိုသိပ်ချစ်တာ။အကိုမာန်ချစ်သူကတစ်ခြားသူဆိုရင်တောင်မှဟုတ်ဉီးမယ်။အခုကဟာလင်းအမဖြစ်နေတယ်။ငါတို့လင်းကိုဘယ်လိုလုပ်ရမလဲ။အစကတည်းကမှသူကသူ့အမနဲ့ယှဉ်တိုင်းအမြဲအားငယ်နေတာ။ဘယ်လိုလုပ်ပေးရမလဲဟင်ငါတို့။''
"ငါတို့တစ်ချက်စောင့်ကြည့်ရအောင်ပန်း''
ပန်းတို့ပြောနေတုန်းမှာဘဲ........
'ဟင်းးးဟင်းး'
"ဟင် လင်းသတိရပြီးလား။အဆင်ပြေလား။ဘယ်နားနာနေသေးလဲဟင်။ဟဲ့ရဲရင့်ဆရာဝန်သွားခေါ်မြန်မြန်''
"အေးအေး''
" အီးဟီးအီးဟီး ပန်းငါဘယ်လိုလုပ်ရမလဲဟင်။ငါ ငါကိုကို့ကိုအရမ်းချစ်တာ။ငါသူ့ကိုမစွန့်လွတ်နိုင်ဘူး။''
"အေးပါ၊ အေးပါမငိုနဲ့တော့နော်။နင်အားနည်းနေသေးတယ်လင်း။တော်ပြီးမငိုနဲ့တော့''
ပန်း....ပြောနေရင်းနဲ့ဆရာဝန်ရောက်လာပြီး
"လူနာသတိရလာပြီးဘဲ။ဆရာဆေးပေးလိုက်မယ်။အချိန်မှန်မှန်သောက်ပေးပါ။တစ်ပတ်လောက်တစ်ချက်နားပေးပါအားနည်းလို့။အခုကလည်းအားဆေးသွင်းထားတာကုန်ပြီးဆိုတော့ပြန်လို့ရပါပြီး။''
"ဟုတ်ကဲ့doctor။ကျေးဇူးပါ။''
"ဝဏ္ဏငါ့ကိုအိမ်ပြန်ပို့ပေးပါ။ငါအိမ်ပြန်ချင်ပြီး။ဆေးရုံမှာမနေချင်ဘူး''
"အင်းငါလိုက်ပို့ပေးမယ်''
"ငါတို့လည်းလိုက်ခဲ့မယ်။လာ လင်းကားပေါ်မှာသွားစောင့်နေရအောင်။ဝဏ္ဏကောင်တာမှာဆေးသွားထုတ်နေတုန်း''
"အင်း''
အိမ်ရှေ့ရောက်တော့...လင်းကားပေါ်က
ဆင်းမယ်လုပ်နေတုန်းမှာဘဲ...ပန်းကနေပြီးတော့...."လင်းအဆင်ပြေရဲ့လားဟင်။ငါတို့အထဲထိလိုက်ပို့ပေးမယ်။မငိုနဲ့တော့နော်။အိမ်ရောက်တာနဲ့အိပ်ရေးဝအောင်အိပ်လိုက်နော်ဘာမှစဉ်းစားဘဲနဲ့။''
ČTEŠ
ကျွန်တော့်ရဲ့အရှင်သခင်(Complete)
Fantasyကျွန်တော်ဘဝမှာဘာကိုမှမျှော်လင့်ချက်မထားတော့တာတော်တော်ကြာပြီးကိုကို။ဒါပေမဲ့ကိုကိုကိုတွေ့ပြီးထဲကကျွန်တော်ကို့ကို့အချစ်ကိုမျှော်လင့်ချက်ထားခဲ့တယ်။အဲ့မျှော်လင့်ချက်ကြောင့်ကိုယ်အမကိုသစ္စာဖောက်ခဲ့တယ်။အဲ့သစ္စာဖောက်မှုကြောင့်အရာအားလုံးကိုစွန့်လွှတ်လိုက်ရတယ်...