The plan of an unexpected destiny

527 27 2
                                    

Unicode

ညကပေးထားတဲ့အမှတ်တွေနဲ့လှရက်လှHygဟာရင်ခွင်ထဲကိုကြောင်ပေါက်လေးလိုတိုးဝင်လျက်...

"Hygထတော့လေ.."

"အွန်း~"

"နေအရမ်းမြင့်နေပြီ...တစ်ခုခုထစားပြီးဆေးလေးသောက်လိုက်အုန်းအရမ်းနာနေတယ်မလား"

"နာအောင်ဘယ်သူလုပ်တာလဲပြော..."

"တောင်းပန်ပါတယ်Hygရယ်..ဟီးဟီး.."

"ဟွန့်..."

"ထကျွန်တော်ဆေးပေးမယ်..."

"ချီ.."

"သခင်လေးသဘောပါဗျ..."

__________

အဲ့နေ့ညထဲကကျွန်တော်ဆုံးဖြတ်ချက်သေချာသွားခဲ့သည်..ကျွန်တော်Gyuကိုချစ်မိသွားပြီ...နောက်ဆက်ချစ်သွားဖို့လည်းဆုံဖြတ်ချက်ချလိုက်ပြီ...

Jun...မေ့မရသေးပေမယ့်မချစ်တော့တာသေချာသလောက်ရှိသွားပြီ...

GyuကJunနဲ့ယှဉ်ရင်သာတာတွေအများကြီးရှိတယ်..

Junကsexတစ်ခုအတွက်သာကျွန်တော့်အပေါ်ကောင်းပေးပေမယ့်...
Gyuကအဲ့လိုမဟုတ်ခဲ့ဘူး...မျက်နှာသစ်သွားတိုက်ကအစကလေးတစ်ယောက်လိုဂရုစိုက်ပေးပြီးကျွန်တော်စိတ်ဆင်းရဲတာကိုနည်းနည်းလေးမှမလိုလားတာမို့အမြဲပျော်အောင်ထားသည်။

Gyuနဲ့နေခဲ့ရတဲ့၁လဆိုတဲ့အတောအတွင်းမှာကျွန်တော်တစ်ခေါက်တောင်မငိုခဲ့ရသလိုဝန်လေးနေတာမျိုးလည်းမရှိခဲ့ဘူး...

အစထဲကကျွန်တော်တို့တွေ့ခဲ့သင့်တာ...အခုတော့မလှပတဲ့အနာဂတ်တွေကြောင့်တစ်ခါတစ်လေတိုက်ဆိုင်သွားရင်စိတ်အနှောက်အယှက်ဖြစ်ရသည်။

ကျွန်တော့်အတွက်တော့ဘာမှကြီးကြီးမားမားမဟုတ်ပေမယ့်Gyuကိုကျွန်တော့်ကြောင့်စိတ်ဆင်းရဲတာတွေထပ်ပြီးမဖြစ်စေချင်တော့ဘူး...

ဟိုတစ်လောကတော့Mingyu ပြောလို့Junတို့အကြောင်းတော့ကြားလိုက်ပါသေးတယ်paradise မှာမနေတော့ဘူးဆိုတဲ့အကြောင်း...ကွဲလားတွဲနေသေးလားတော့ဆက်မမေးမိကိုယ်နဲ့မှမဆိုင်တော့တာ....

"Hyg...နေ့လည်စာစားလို့ရပြီ.."

"ဟမ်...အားလာပြီ.."

Boy ParadiseWhere stories live. Discover now