The Day We Got Married❤️

513 32 0
                                    

Unicode

မင်္ဂလာပွဲမတိုင်ပြီးတစ်ပတ်အလို...

ဒီနေ့ကျွန်တော်မင်္ဂလာဝတ်စုံသွားရွေးမဲ့နေ့လေးပေါ့..

ပါးပါးနားကခွင့်ပြုချက်ရပြီးတာနဲ့မကြာပါဘူးမင်္ဂလာပွဲစီစဉ်ဖို့အတွက်အိမ်ပြန်လာကျတော့ဆိုတဲ့အမိန့်ကြောင့်နှစ်ယောက်သာအထုတ်သိမ်းကာပြန်ခဲ့ရသည်။

အလျင်စလိုလုပ်လိုက်တဲ့ပွဲမဟုတ်ပေမယ့်ကျွန်တော့်မြတ်နိုးရာကိုအမြန်ဆုံးတရားဝင်ပိုင်ဆိုင်ချင်တာကြောင့်မင်္ဂလာပွဲကိုအမြန်ဆုံးလုပ်လိုက်မိသည်။

"Gyuသွားရအောင်လေ.."

"အွန်းHyg..."

ရိုးရိုးရှပ်အကျီလေးနဲ့အတူဘောင်းဘီတိုအဖြူလေးကိုလိုက်ဖက်စွာဝတ်ထားတဲ့Hygဟာလူပျိုပေါက်လေးလို

မင်္ဂလာဝတ်စုံသွားမရွေးခင်Beauty salon ကိုscrub လုပ်ရန်အရင်သွားလိုက်သည်။

"မောင်လေးဒီမှာထိုင်စောင့်နေနော်မောင်လေးသတိုးသားကိုနုဖက်သွားအောင်သေချာလုပ်ပေးမယ်"

Mingyuဆိုင်ကဝန်ထမ်းထိုင်ခိုင်းတဲ့နေရာမှာဘဲထိုင်ပြီးစောင့်နေလိုက်သည်။

တစ်ကိုယ်လုံးကိုscrubလုပ်မှာဆိုတော့နည်းနည်းတော့သဝန်တိုမိပေမယ့်မသိကျိုးကျွန်သာပြုလိုက်သည်။

______

"မောင်လေးဒီမှာအိပ်လိုက်နော်.."

အောက်ပိုင်းကိုသပတ်နဲ့သာအုပ်ထားပြီးတစ်ကိုယ်လုံးscrubလုပ်နေတာကြောင့်လူကရှိန်းတိန်းဖိန်းတိန်းဖြစ်နေမိသည်။

Scrubလုပ်နေတဲ့တစ်လျှောက်လုံးလဲအသာရေဘယ်လောက်ကောင်းကြောင်းဘယ်လောက်နူးညံ့ကြောင်းပြောနေတဲ့ဝန်ထမ်းမလေးတွေကြောင့်လူကအငွေ့ပြန်ချင်လာသည်။

၂နာရီလောက်လုပ်လိုက်ရတဲ့scrubကနောက်ဆုံးတော့ပြီးသွားခဲ့ပြီးအခန်းထဲကနေထွက်လာတော့ကိုယ်တော်ချောကမေးထောက်ပြီးအိပ်ငိုက်နေလေရဲ့...

"ဟော်တော်...သူ့အလှလေးကိုစောင့်ရင်းအိပ်ပျော်နေပြီ"

"ရတယ်အမကျွန်တော်ဘဲနိုးလိုက်မယ်"

Boy ParadiseWhere stories live. Discover now