Ignore_____

530 32 0
                                    

Unicode

"Gyu~"

တိုးတိုးလေးသာခေါ်လိုက်ပေမယ့်နားပါးလွန်းတဲ့Gyuကလှည့်ကြည့်လာတယ်...

"Hyg!!!!!စိတ်ပူလိုက်ရတာဗျာ..."

အပူတပြင်းပြေးလာတဲ့Gyuကကျွန်တော့်ကိုတင်းတင်းကျပ်ကျပ်ဖက်ထားသည်။

အမှောင်ထဲရောက်နေတာကြောင့်သူဒဏ်ရာတွေကိုမမြင်သေးဘူးထင်တယ်

"Hygကျွန်တော်တောင်းပန်ပါတယ်...ကျွန်တော်သာထွက်သွားရင်ဒီလိုတွေဖြစ်မှာမဟုတ်ဘူး..."

Mingyuကသာစကားတွေတရစပ်ထွက်လာပေမယ့်Hygကတိတ်ဆိတ်နေသည်...ကြည့်ရတာတော်တော်လန့်သွားတယ်ထင်တယ်

"Hygပင်ပန်းနေပြီမလား...အိမ်ပြန်ရအောင်နော်"

ခေါင်းသာငြိမ့်ပြလာတဲ့Hyg...
ကားထဲရောက်တော့ခါးပတ်မပတ်ထားတဲ့Hygကိုခါးပတ်ပတ်ပေးပေးဖို့ပြင်လိုက်တော့...

မြင်ရက်စရာမကောင်းလောက်အောင်ဖူးယောင်နေတဲ့ပါးပြင်ရဲရဲနဲ့အတူလည်ပင်နားကခရမ်းပုတ်ရောင်ဘက်သန်းနေတဲ့အကွက်တွေ...

*မဟုတ်ဘူးမလား...မဖြစ်ရဘူးမလား....*

အတွေးနဲ့အတူHygအင်္ကျီကိုဆွဲဖြဲလိုက်တော့...

"ခွေးမသား...ကျွန်တော်ကိုယ်တိုင်သွားသတ်မယ်..."

ကားထဲကနေဆင်းမယ်အလုပ်လက်ကိုလှမ်းဆွဲလာပြီးမသွားရန်တားနေတဲ့Hyg

"ကျွန်တော်သွားသတ်မှကျေနပ်မှာ...ကျွန်တော့်ကိုမတားနဲ့...ပြီးတော့ခများကကောဘာလို့ငြိမ်ခံလာရတာလဲခြေတွေလက်တွေပါတာဘဲပြန်ခုခံပါ့လား...ကျွန်တော်သာသေသွားရင်ဘယ်လိုလုပ်မလဲ"

ကျွန်တော့်စကားအဆုံးမျက်ရည်တွေကျကာကျွန်တော့်ကိုဆွဲထားတဲ့လက်ကိုလွှတ်ချလိုက်တဲ့Hyg..

"ငါထင်တာမှန်နေတာဘဲ"

ထိုစကားတစ်လုံးသာပြောပြီးအပြင်ဘက်ကိုတွေးတွေးလေးငေနေပြန်သည်။

*သွားပြီKim Mingyuဒေါသထွက်ပြီးHygကိုပါအပြစ်တင်မိပြီ*

"ကျွန်တော်တောင်းပန်"

"ငါနားချင်ပြီ.."

"အား..ဟုတ်Hyg"

အဲ့အချိန်ကစပြီးHygကျွန်တော့်ကိုစကားမပြောတော့ပါ...
ကားထဲမှာလည်းတသ်ခွန်းမှမပြောခဲ့သလိုအိမ်ပြန်ရောက်တော့လည်းအရင်ဦးဆုံးဆင်းသွားသည်။

Boy ParadiseWhere stories live. Discover now