Unicode
ဒီနေ့တော့ ကို့ကိုခွင့်တောင်းပြီး တစ်ယောက်ထဲအပြင်ထွက်ခဲ့သည်။
ဘာရယ်မဟုတ်ဒီတိုင်း shopping center ကိုပတ်ကြည့်နေဖြစ်သည်။"DaHee?"
"အမ Stella?"
"ဈေးလာ၀ယ်တာလား ညမ"
"ဟုတ်တယ်အမ ဒါပေမယ့်လည်း ဘာ၀ယ်လို့၀ယ်ရမှန်းမသိပါဘူး"
"အမလဲ လှည့်ပတ်သာကြည့်နေတာ ဘာ၀ယ်ရမှန်းမသိဖြစ်နေတာ
ဒီလိုလုပ်ပါ့လား အမနဲ့ကော်ဖီဆိုင်တူတူထိုင်ရအောင်လေ စကားလေးလဲပြောရင်းပေါ့...""ကောင်းသားပဲ သွားကြမယ်လေ"
တကယ်က ကိစ္စရှိလို့လာရင်းက Stella က သူမကိုမြင်၍တမင်အနားကပ်လာခြင်းဖြစ်သည်။ ရိုးအတဲ့ကောင်မလေး ပြောသမျှရုံရင်းပေါ့
နောက်ပြီး ဒါကတကယ့်အခွင့်ကောင်းပဲလေ..ကြားသိရသလောက်က Park Jimin က သူမပါပဲ ထိုကလေးမကို ဘယ်မှမလွှတ်ဘူးဆိုတာကိုပင်
အခုတော့ ကံတရားက Stella ဘက်မှာအလေးသာပုံရသည်။
ဒီအခွင့်အရေးကိုကောင်းကောင်းအသုံးချရပေမည်လေ။"ဒါနဲ့ ကလေးအဖေသတင်းကို ဘာကြားသေးလဲအမ"
"အင်း...ဘယ်လိုပြောရမလဲ..
သူက အိမ်ထောင်ကျသွားပြီတဲ့ကွယ်..
အမနောက်ကျသွားတာပေါ့.."Han Stella က သူသိပ်ကျွမ်းတဲ့မာယာတွေထဲက အနူးညံ့ဆုံးတစ်ခုကိုရွေးထုတ်ပြီးသုံးလိုက်တော့ အရှေ့ကကလေးမက အတော်စိတ်မကောင်းဖြစ်နေသယောင်
"ဟယ်..ဒါဆိုအမ ဘယ်လိုဆက်လုပ်ဖို့စိတ်ကူးထားလဲဟင်"
"ဘယ်လိုဆက်လုပ်ရမှာလဲကွယ် ဆန္ဒတွေကို မြိုသိပ်ရင်း America ကိုပြန်ရုံပေါ့"
"အမရယ်..."
ထိုကလေးမကို ကြည့်ရတာ တကယ့်ကိုစိတ်မကောင်းနေသယောင်
မင်းရဲ့ ဖြူစင်မှုတွေကိုတော့ အမတကယ်အားနာပါတယ်ကွယ်
ဒါပေမယ့်လဲ အမက Park Jimin ကိုမရရတဲ့နည်းနဲ့
အမဆီပြန်ခေါ်မှာ
အင်း... Seojiလေးကိုလဲစိတ်မကောင်းပေမယ့်ပေါ့"ဘေဘီ"
"မောင်"
ပြိုင်တူထွက်လာတဲ့ စကားနှစ်ခွန်းကြောင့်သုံးယောက်လုံးရဲ့ မျက်နှာ အမူအရာတွေဟာတူမလိုနဲ့ မတူကွဲပြားစွာ...
