Zawgyi
“ကို ရေ မြန်မြန်လာနောက်ကျနေတော့မယ်”
“လာပါပြီကွာ”
Necktieကို လက်က ကိုင် ပြီး လှေကားထစ်က နေ တရောတိုက်ဆင်းလာတဲ့ကို
“ဘေဘီ ကို့ကိုဒါလေးစည်းပေးပါဦး”
ခဲရောင် necktieလေးကို ရှေ့ထိုးပေးပြီး သူမစည်းလို့အဆင်ပြေအောင် ခါးလေးကိုင်းပေးသည်။
သူမလဲ ခဲရောင်necktieလေးကို Jiminလည်ပင်းမှာပုံစံတကျချည်ပေးလိုက်သည်။မိုးပြာရောင်ရှပ်လက်ရှည်လေးကို အပေါ်က အပြာရင့်ရောင်ကုတ်ကို ထပ်ပြီး ခဲရောင်necktieလေးရယ် style pantsအမဲရောင်လေးရယ်က သူနဲ့သိပ်လိုက်ဖတ်တာပဲ
“ကဲ ကို ရေပြီးပြီ သွားရအောင်”ကိုနဲ့ကျမနဲ့ လက်ထပ်ပြီးတာနှစ်လ လောက်ရှိရောပေါ့
ဆိုင်ကို တော့ စိတ်ချရတဲ့လူတစ်ယောက်နဲ့လွှဲပြီး အိမ်မှာနေရင်း ကိုယ့်ရဲ့ဝေယျာဝစ္စ တွေလုပ်ပေးလိုက် အားတဲ့အချိန် ကို့မေမေဆီသွားလည်လိုက်နဲ့ အဆင်ကိုပြေနေရောအခုက ကိုနဲ့ ကို့သူငယ်ချင်းTaeHyungရဲ့ Companyရဲ့ 7နှစ်ပြည် ညစာစားပွဲအတွက် သွားနေခြင်း။
အင်းဒီတစ်ခေါက် နောက်ဆုံး Desginကလဲ Europeထိပါပေါက်သွားတာလဲပါတာပေါ့
“ဘာလဲ ကိုယ်အရမ်းချောနေလို့ ကြည့်နေတာလား”ကားစီယာတိုင်ကို လက်တစ်ဖက်ထဲနဲ့ကိုင်ပြီး
ကျန်လက်တစ်ဖက်က သူမလက်ကို ကိုင်ကာ ကားမောင်းနေတဲ့ Jiminပုံစံက သူမအတွက် သိပ်ပြီးခံ့ညားလွန်းနေတာ အမှန်ပဲ
“ဒါပေါ့ ကိုရဲ့ …ဘေဘီရဲ့ လူကြီးက ဘေဘီရွေးပေးထားတဲ့ suitနဲ့အရမ်းကို လိုက်ဖတ်နေတာ”
သူမသိပ်ကို သဘောကျရဲ့တဲ့ အရာတစ်ခုဖြစ်တဲ့ အနည်းငယ်ဖောင်းနေတဲ့ Jiminရဲ့ပါးလေးကို ခပ်ဖွဖွဆွဲမိတော့
ခပ်ထူထူ နှုတ်ခမ်းတစ်စုံက အရှေ့ကို အော်တို ထော်လာလေရဲ့“နာတယ် ဘေဘီရဲ့”
“ဟင်ဖွဖွလေးကို”
“မသိဘူး နာတယ် အာဘွားပေး”အာဘွားလိုချင်လို့ သက်သက်ရစ်နေတဲ့လူလည်ကြီးတွေ့မယ်
သူမ Jiminအနားသို့တိုးသွားကာ ပါးလေးကို ခပ်ဖွဖွကိုက်မိတော့…..
“အား…… ဘေဘီ”
“ဘာလဲ”
သူမ လျှာပြန်ထုတ်ပြတော…
“အပြန်ကြမှတွေ့မယ်”အာဘွားပေးခိုင်းတာကို ပါးကိုက်သွားတဲ့ကောင်မလေးကို ပြန်အပြစ်ပေးချင်ပေမယ့်
Hotelကို ရောက်လာတာမလို့ အိမ်ရောက်မှသာ အပြစ်ပေးဖို့ ဆုံးဖြတ်လိုက်ရသည်။
ထိုအခါက ကောင်မလေးက ခိုးခိုးခစ်ခစ်ရယ် ကာ မကြောက်ဘူးဆိုတဲ့သဘောနဲ့လျှာထပ်ထုတ်ပြလာလေရဲ့