EP 5

723 100 2
                                    

Zawgyi

ဖေဖေတို့အိမ်ရဲ့စီးပွားရေးအ‌ခြေအနေကြောင့် မေမေနဲ့လက်ထက်ခဲ့ရတဲ့ဖေဖေဟာ ဘယ်တုန်းကမှ ကြင်ကြင်နာနာမရှိ
မေမေ့အ‌ပေါ် မှာ မကြင်နာလို့ သာသမီးဖြစ်တဲ့သူမ နဲ့ သူမအကိုပေါ်မှာကြင်နာလားဆိုတော့လဲ မဟုတ်

ဖေဖေမပြန်လာမချင်း ထမင်းစားပွဲဝိုင်းမှာထိုင် စောင့်နေတတ်တဲ့မေမေဟာ ကြာလာတော့ အစာအိမ်ရောဂါရလာခဲ့တယ်
ဖေဖေခြေရှုပ်တဲ့ အကြောင်းပါကြားလာရတော့ နှဂိုကတည်းကနှလုံးအားနဲတဲ့မေမေဟာ

မိန်းမတစ်ယောက်နဲ့ရှုပ်နေတာကိုမျက်လုံးနဲ့တပ်အပ်မြင်လိုက်ရတာမလို့ နေရာမှာပဲ အမောဖောက်ပီးဆုံးသွားတယ်

အဲ့နေကစပီး သူမ လဲ သူမအဖေကို မုန်းတီးစိတ်တွေပိုကြီးပွားလာတယ်
ရက်လည်နေ့မှာ တောင် မေမေ့ဈာပန အခန်းအနားကို မလာဘဲ
မိန်းမတစ်ယောက်နဲ့ ဖြစ်ချင်သလို ဖြစ်နေတဲ့ ဖေဖေ့ကို သူမ မုန်းရာကနေ ရွံလာပီး အသားထဲကနေ နာကျည်းလာတယ်

အဲ့အကြောင်းကို ကြားသွားတဲ့ကိုကို ကဖေဖေနဲ့ ဟိုမိန်းမရှိတဲ့နေရာကို လိုက်သွားပီး ဟိုမိန်းမကိုသတ်ပစ်တော့
မေမေ့ရက်လည်နေ့မှာပဲ ကိုကို ဟာထောင်ထဲဝင်သွားရတယ်

၁၄နှစ်အရွယ်ကောင်မလေးအတွက်အဲ့နေဟာအိမ်မက်ဆိုနှစ်အရွယ်ကောင်မလေးအတွက်အဲ့နေဟာအိမ်မက်ဆိုးတစ်ခုလိုပဲ
မိမိသွေးသားအရင်း ဖြစ်တဲ့ဖေဖေက တော့ပျောက်သွားတာ ၂ နှစ်လောက်ကြာတော့ပြန်ပေါ်လာခဲ့တယ် စုံစမ်းကြည့်တော့ အရင်လိုပါပဲ ဘာမှမပြောင်းလဲဘူး

မေမေက တော့ရှေ့ရေးကို ကြိုမြင်လို့နဲ့တူတယ် သူ့ပစ္စည်း ပိုင်ဆိုင်သမျှတွေကို ကိုကိုနဲ့ ကျမနာမည်ပြောင်းပီးလွှဲထားပေးခဲ့တာ
မေမေမိဘတွေကလဲ သူမကေိုမွေးပီးမကြာဘူးဆုံးသွားတာမလို့ ဘိုးဘိုးဘွားဘွားဆိုတာ ဘယ်သူမှန်းတောင်မသိလိုက်ရ
မေမေ့မှာ ဆွေမျိုးနဲ့တဲ့အပြင် ရှိတဲ့သူတွေကလဲ နိုင်ငံရပ်ခြားရောက်နေတာမလို့ သူမအရွယ်ရောက်တဲ့အထိ မေမေ့လူယုံတော်ရှေ့နေ ဦးလေးကြီးက သူမကိုစောင့်လျောက်ပေးထားခဲ့တာ သူမ ၁၈ နှစ်ပြည့်တဲ့နေမှာ စာချုပ်စာတမ်းတွေနဲ့ အကုန်လွှဲပြောင်းပေးပီး မကြာပါ ဘူး တစ်နှစ်လောက်ရှိတော့ လူကြီးရောဂါနဲ့ဆုံးသွားတယ်

My KidnapperWhere stories live. Discover now