Zawgyi
“ကို ဒီကပဲစောင့်နေမယ်နော်”
သူမခေါင်းငြိမ့်ပြပြီး မှန်ခန်းထဲသို့သာဝင်လာလိုက်သည်။
ခုက ကိုနဲ့ မဂ်လာဆောင်အတွက်ဝတ်စုံလာရွေးနေကြခြင်းဖြစ်သည်။ ကို့အိမ်ကလဲ သဘောတူပြီးသားဆိုတော့ဒီရက်ပိုင်းမှာ ဖေဖေက ခနခန တွေ့ခွင့်တောင်းနေပေမယ့်ထွက်မတွေ့ဖြစ်ဘူး။
ကို့မေမေ ပြောပြလို့ ဖေဖေပြောင်းလဲနေပြီဆိုတာ သိပေမယ့်လို့ မေမေသေသွားရတဲ့အကြောင့်အရင်းနဲ့ ကိုကိုထောင်ကျရတဲ့အကြောင်းအရင်းကိုတွေးမိတိုင်း မျက်နှာကို မမြင်ချင်လောက်အောင်ပဲဂါဝန်အဖြူအရှည်ကြီးတွေကို တစ်ထည်ပြီးတစ်ထည်ဝတ်ပြတိုင်း ကို က လှတယ်ဆိုတာကြီးပဲ ဒါဘယ်နှထည်မြောက်မှန်းမသိတော့ဘူး
သေချာတာက ဒီဆိုင်ရောက်နေတာ နှစ်နာရီကျော်နေပြီဆိုတာပဲ“ကို ဒါလေးလှတယ် ဒါပဲယူတော့မယ်နော်”
သူမက ထပ်ပြီးမ၀တ်ချင်တော့တဲ့ပုံစဲမျိုးနဲ့ပြောသည်။
“ကိုလဲ ဒါလေးလှတယ်ထင်တယ်”ထိုစကားကြားတော့သူမ မျက်နှာလေးမှာအပြုံးကြီးကြီးတစ်ပွင့်ကပန်ဆင်လို့
“ဒါပေမယ့် ကိုခနလေးကရွေးတဲ့တစ်ထည်က ဘေဘီနဲ့ပိုလှမယ်ထင်လို့ ထပ်ဝတ်ကြည့်ဦးနော်”ထိုအခါကြ သူမမျက်နှာလက ချက်ချင်းလက်ငင်းကို ညှိုးကျသွားသည်။
ဂါဝန်ကြီးကိုမ ပြီး သူ့ဘေးမှာလာထိုင်ကာ သူ့လက်မောင်းတွေကိုခိုတွဲပြီး ပခုံးပေါ်သို့ခေါင်းလေးစောင်းတင်ထားသည်။“ခနနားဦးမယ် ဘေဘီညောင်းလာပြီ”
သူမစကားကြောင့် ၀န်ထမ်းကောင်မလေးတွေကိုလက်ပြကာ ခနနေမှပြန်လာဖို့ အချက်ပြလိုက်သည်။“ကို ဘေဘီတို့လက်မထပ်ပဲ ဒီတိုင်းလေးပဲနေလို့မရဘူးလား
တကယ်တည်း မဂ်လာလေးတစ်ခေါက်ဆောင် တာ အလုပ်တွေကိုရှုပ်နေရောပဲ”အမလေး သူမမိန်းကလေးရောဟုတ်ရဲ့လား
သူများတွေမှာတော့ တစ်သက်မှတစ်ခေါက်ဆောင်ရတဲ့ပွဲကို ရင်တွေခုန်လွန်းလို့ဘယ့်နှယ့်သူကြမှပဲ
“အဲ့လိုလဲ မဟုတ်ဘူးလေ ဘေဘီရယ် ကိုပြော….”
ပြောပြမလို့ရှိသေးတယ် ပခုံးပေါ်ကကလေးမက အိပ်ပျော်သွားပြီ
တတ်လဲတန်နိုင်တဲ့ကလေးမ