Zawgyi
"မတွေ့ရတာကြာပီနော် DaHee Noona!"
ငါ့ကိုသိနေတာလား သူကဘယ်သူလဲ
"ထင်သားပဲ ကျတော်ကိုမမှတ်မိဘူးလို့"လက်ဆွဲနှုတ်ဆက်ဖို့ကမ်းပေးလာတဲ့လက်ကို အချိန်ကြာကြာစိုက်ပီးကြည့် နေမိတာမလို့ သူ့ဘက်ကပဲလက်ကိုပြန်သိမ်းသွားတယ်
တဆက်ထဲမှာပဲရောက်လာတဲ့ banana milkတစ်ဗူး
သူ့ကိုနားမလည်သလိုကြည့်မိတော့ လက်ကိုဆွဲရင်း သူ့လက်ထဲက ဗူးကို အတင်းဆွဲထည့်ပေးတော့
အတွေးရိပ်တစ်ခုက ခေါင်းထဲမှာဖျက်ခနဲ
အလယ်တန်းကျောင်း တစ်ကျောင်းရဲ့ကျောင်းမုန်ဈေးတန်းမှာ
ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်
Banana milkတစ်ဗူးကိုလုနေကြလေရဲ့"သားသားအရင်ရောက်တာ ဒါသားသားဗူး"
"ဟေ့ကောင်လေး မင်း lady firstဆိုတဲ့စကားမကြားဖူးဘူးလား"
"ဟင့်အင်းမကြားဖူးဘူး မသိလဲ မသိချင်ဘူး! သားသားအရင် ရောက်တာ ဒါသားသားဗူး"
Banana milkဗူးလေးခမျာ ကလေးနှစ်ယောက်ရဲ့လက်ထဲမှာ
ဟိုဘက်ပါသွားလိုက်ဒီဘက်ပါလာလိုက်နဲ့ခနေနေကျတော့ကောင်လေးဘက်ကအဆွဲလွန်ပီး အနောက်ကနံရံနဲ့ထိကာကွဲသွားလေရဲ့
"အဟီးဟီး ငါ့ဘနားနားမစ်လေး"
အရှေ့ကကောင်မလေးမှာ ငိုနေတာမလို့
"ဟင် မမ မမ ငိုနေတာလား သားသား တောင်းပန်ပါတယ်ဗျာ!"သူမကျောကိုပုတ်ပေးနေတဲ့လက်တွေကို ခါချလိုက်ရင်း
"မထိနဲ့ ငါမင်းကိုမုန်းတယ် အီးဟီးးးးးး"သူ့ဘ၀မှာဖေဖေမေမေဖိုးဖိုးဖွားဖွားက အလိုလိုက်ထားတာမလို့
တစ်ခါမှမုန်းတယ်ဆိုတဲ့စကားကိုမကြားဖူးပါ
ပီးတော့ သူ့ကြောင့်ငိုသွားတဲ့ကောင်မလေးကိုတောင်းပန်ချင်တာမလို့
ဘယ်လိုတောင်းပန်ရမလဲ စဉ်းစားကာ ခေါင်းလေးကုတ်ပီးကျန်ခဲ့တော့သည်ကျောင်းခေါင်းလောင်းထိုးတော့ သူမစားပွဲပေါ်လေးမှာ banana milkတစ်ဗူးက ပိုင်ရှင်ကိုစောင့်နေသယောင်
"ဒါဘယ်သူ့ ဘနားနားမစ်လဲ"
သူမမေးတော့တတန်းလုံးက မဟုတ်ဘူး ဖြေကျတာမလို့
သူမလဲအရမ်းသောက်ချင်နေခဲ့တာမလို့
ပိုက်ကလေးနဲ့ ဖောက်ကနည်းမြည်အောင်ဖောက်ကာ
သောက်နေလိုက်တော့သည်
ထိုမြင်ကွင်းကို အခန်းပေါက်ဝကနေကြည့်ပီးပြုံးနေတဲ့ကောင်လေးတစ်ယောက်လဲ ရှိခဲ့သည်ကို သူမသိမည်မဟုတ်ချေ
