Zawgyi
အချစ်ဆိုတာကို တစ်ခါမှမခံစားဖူးသလို ဘယ်ကောင်လေးနဲ့မှ
အရောမ၀င်ခဲ့ဖူးသူ သူမအတွက် Park Jiminဆိုတဲ့လူရဲ့ အထိအတွေ
ဂရုစိုက်မှုတွေအောက်မှာ သူမရဲ့ရင်ခုန်သံတွေကစည်းချက်မညီခဲ့
သူမတစ်ကယ်ပဲ ချစ်နေခဲ့ပြီလား
ချစ်မိသွားခဲ့ပြီလားဟင့်အင်း အချစ်ဆိုတာကြီးက တစ်ကယ်ရောရှိလို့လား
မယုံရဲပါဘူး
“ဘေဘီ”
မဟော်ဂနီရောင်တံခါးကိုတွန်းပီးအခန်းထဲကိုဝင်လာတဲ့သူ
နေ့လည်က ကိစ္စကြောင့် သူ့ကိုရှောင်ချင်တာမလို့ အခန်းထဲလာနေခဲတာ
အင်းလေ သူ့အိမ်မှာနေပြီးဘယ်လိုရှောင်လို့ရမတဲ့လဲ
“ဘေဘီ?”
ကုတင်ခေါင်းရင်းကိုမှီကာ ထိုင်နေတဲ့သူမှာနားကို လာထိုင်တော့
“အင်းပြောပါ”
“ဟိုကောင်လေးနဲ့ ဘေဘီအကြောင်း ကိုသိချင်တယ်”
လေသံခပ်အေးအေးနဲ့ပြောနေပေမယ့်သူ့မျက်လုံးထဲမှာ တစ်ခုခုကိုကြောက်နေသယောင်
“ဘာဖြစ်လို့သိချင်တာလဲ”
“အာ ဘေဘီမပြောချင်ရင်လဲရပါတယ် မပြောနဲ့”
“အင်း”
သူမတို့နှစ်ယောက်ကြားထဲမှာ လေထုက တိတ်ဆိတ်သွားခဲ့သည်
အခန်းထဲက တိုင်ကပ်နာရီရဲ့ လက်တံလှည့်သံဒီနေ့မှ ပိုကျယ်သယောင်
တကယ်ဆို Jiminမှာ မေးချင်တာ တွေအများကြီးရှိသည်
ချစ်လွန်းလို့ သူ့ရင်ခွင်ထဲရောက်အောင်ဆွဲခေါ်ခဲ့ပေမယ်
သူ့နာမည်ရယ် အလုပ်အကိုင်ရယ် သူ့အသက် ၂၂နှစ်ဆိုတာရယ် ပြီးတော့ သူကြိုက်တတ်တာ ရယ် ဒါပဲသူသိရသည်
သူ့မိသားစု ပီးတော့ နေ့လည်ကကောင်လေး
သူ ဘာမှမသိရ
မိုးချိန်းသံရုတ်တရက်ကြားလိုက်ရသည် အပြင်
လျှပ်စီးရဲ့ အလင်းရောင်တွေက ပါ
ပြတင်းတံခါးကတဆင့်ထိုးဖောက်ဝင်လာတာမလို့
မိုးရွာတော့မယ်ဆိုတာ သူသိလိုက်ရသည်သူမ! ဘေဘီ!
သတိရရခြင်းကြည့်မိလိုက်တော့
လက်ထဲကခြုံစောင်ကိုလုံးချေပြီး မျက်လုံးကို အတင်းမှိတ်ကာ ခေါင်းငုံ့ထားသည်က သူမကြောက်နေပြီဆိုတာ သက်သေပြနေသည်
ချက်ချင်း သူ့အရှေ့က ကိုယ်ငယ်လေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်တော့ အလိုက်သင့်ပါလာပြီးသူ့ကိုပြန်ဖတ်ထားလေရဲ့
“ကိုယ်ရှိတယ် မကြောက်နဲ့နော် ဘေဘီ”
သူ့စကားကို ရင်ခွင်ထဲက ကလေးငယ်က ခေါင်းငြိမ့်ရင်းအကြောင်းပြန်လာသည်
မိုးတွေက ဟောတိုက်ရွာချလာတာမလို့
အခန်းထဲသို့ မိုးရေစက်များစင်လာသည်
Jiminထပိတ်မည်အပြု
သူ့လက်ကို တစ်ခုခုဆွဲထားသလို့ခံစားရတာမလို့ပြန်ကြည့်
လိုက်တော့
“ဘေဘီ”
“ဘယ်သွားမလို့လဲ မသွားပါနဲ့ ကျမကြောက်လို့ပါ”
ပထမဆုံးပဲ လူတစ်ယောက်ကိုဆွဲထားမိတာ!
“မိုးရေတွေစင်လို့ ပြတင်းပေါက်သွားပိတ်မလို့ ကဲကြောက်တယ်ဆိုလဲ ကိုယ်ချီပီးသွားပိတ်ပေးမယ်”
ကုတင်ပေါ်က အသေးလေးကို ၂နှစ်ကလေးငယ်ကိုချစိသလိုကောက်ချီလိုက်တော့
လည်တိုင်ကို ဖတ်တွယ်လာကာ ပုခံးပေါ်သို့ သူမခေါင်လေးတင်ထားသည်
ပီးတာနဲ့ ပြတင်းပေါက်ကိုသာအမြန်ပိတ်ပီး
လိုက်ကာအထူကိုသာ ချထားလိုက်သည်
