ep 9

612 82 3
                                    

Zawgyi

“လာ ဘေဘီ မကြောက်နဲ့ ကိုယ့်လက်ကို ကိုင်ထား”
ကိုက သူ့မိဘတွေနဲ့ ပေးတွေ့မယ် ဆိုကာ အိမ်ကို ခေါ်လာခြင်းဖြစ်သည်။
“ကို ဖြစ်ပါ့မလား”

သူမက မျက်နှာငယ်လေးနဲ့မေးလာတော့
“ဖြစ်ပါတယ် ဘေဘီရဲ့ လာ!”

“မေမေ သား လာတယ်”

“သားငယ်!”
ကို့ မေမေထင် တယ်
နှာခေါင်းလုံးလုံးလေးရယ်
လှပတဲ့အသားအရေ ရယ်က ကို့ မေမေဆီက အမွေရထားပုံရတယ်
“ဒါသား ကောင်မလေးလား”
ကို က ခေါင်းငြိမ့်ပြရုံဆိုပေမယ့်
သူ့မ မှာလက်ဖျားတွေအေးစက်နေရပြီလေ

“မ မဂ်လာပါအန် အန်တီ…. သမီး နာ..နာမည်က Min.. Min DaHeeပါ”

ကျမစကားထစ်နေတာကို ကြည့်ပြီး ကို ကရီသည်
အန်တီမမြင် အောင် မျက်စောင်းလေးထိုးပြလိုက်သည်။

“အန်တီ??? သားရဲ့ကောင်မလေးပဲကွယ် သားခေါ်သလို မေမေလို့ပဲခေါ်ပါလားကွယ် သူစိမ်းတွေမှမဟုတ်ပဲ”

အန်တီက ဖော်ဖော်ရွေရွေ ပြောလာသည့်အပြင်
မခေါ်တာကြာသည့် မေမေ ဆိုသည့်နာမ်စားကိုပေးခေါ်လာတာမလို့ မျက်ရည်များပါလည်လာမိသည်။

“မေ…မေမေ”
“ကဲ သမီးလာ  မေမေနဲ့ မီးဖိုထဲလိုက်ခဲ့”

မေမေ‌ခေါ်တော့ ကိုက ဖြစ်ပါ့မလားဆိုတဲ့ အကြည့်နဲ့ကြည့်လာတော့ သူမခေါင်းညိမ့်ပြပြီး
မီးဖိုထဲသို့လာခဲ့သည်

ထမင်းစား စားပွဲမှာ ထိုင်ခိုင်းတော့
“မေမေ က သမီးနဲ့စကားပြောချင်လို့ခေါ်လာတာ ဘာမှမကူခိုင်းဘူး”

အင်းလေ သူလဲ ချွေးမဖြစ်သူနဲ့စကားပြောချင်မှာပေါ့
“ဟုတ်ပြောပါ မေမေ”
“သမီးရဲ့ မိသားစုကိစ္စ ဘာညာ မေမေ စိတ်မ၀င်စား ဘူး သားငယ်ကိုသစ္စာရှိရှိ ချစ်ပေးနိုင်လားဆိုတာပဲ စိတ်ဝင်စားတယ်
သားငယ်က ငယ်ငယ်လေးကတည်းက တစ်ယောက်ထဲနေခဲ့ရရှာတာ
မေမေနဲ့ သူ့ဖေဖေက အမြဲအလုပ်မအားကြတဲ့ သူတွေဆိုတော့ သူ့ကို ဂရုမစိုက်နိုင်ဘူးလေ
အဲ့တော့ သူကနည်း နည်းဆိုချင်တယ်
သူလိုချင်တာလဲ မရရအောင်ယူတတ်တယ်
ဥပမာ သမီးကို ယူခဲ့သလိုမျိုးပေါ့”

My KidnapperWhere stories live. Discover now