Zawgyi“မမ”
တံခါးပိတ်ခါနီးလက်ကိုတစ်စုံစတ်ယောက်ကဆွဲလိုက်တာမလို့ကြည့်လိုက်မိတော့
“မင်း!”
Ong Seongwu!!
ချမ်းသာတဲ့လူတွေပဲနေတဲ့ရပ်ကွက်မလို့ လမ်းပေါ်မှာ လူသွားလူလာရှင်းနေသည်။
သူဆွဲရာနောက်ပါလာတော့ရုန်းရင်း
“လွှတ်ပါဦးနာနေပီ”
အဲ့ကျတော့သူကလမ်းလျှောက်နေရာကနေရပ်လိုက်ပြီး“မမ ကို အဲ့လူကြီး ဘယ်လို သိမ်းပိုက်ထားလဲဆိုတာကျတော်သိတယ်”
“လောလော ဆယ်လွှတ်ပေးပါလား အရမ်းနာနေပြီ”ဟုတ်ပါရဲ့အတင်းကြီးစုတ်ကိုင်ပီးဆွဲထားလို့ထင်ပါရဲ့ သူမလက်ကလေးကိုရဲနေရော
သူလဲ လက်ကိုလွှတ်ပေးလိုက်ရင်း
“ကျတော် မမကိုချစ်တယ်”မျက်လုံးတွေကိုတည့်တည့်ကြည့်ပီပြောလာသောသူ
“ငါမှာပိုင်ရှင်ရှိပြီးသားလေ”
“သူက မမ ကို မတရားတဲ့နည်းနဲ့သိမ်းယူထားတာလေ”“ဘာပဲဖြစ်ဖြစ်ငါသူ့ကိုချစ်တယ် သူလဲငါ့ကိုချစ်တယ်”
“ဟင်း မမ က အဲ့လူကြီးပြောသမျှယုံနေတာပဲ သူနဲ့မမ နဲ့က လက်ထက်ပြီးသားဆို?”
“အင်းလေ လက်ထပ်စာချုပ်မှာလက်မှတ်ထိုးပီးသား”
“အသိ သက်သေကရော?”
“သူ့သူငယ်ချင်း Kim TaeHyung”“အဟက်”
ဘာရီစရာပါလို့လဲ
“အဲ့လူကြီးက သိပ်ဉာဏ်များတာပဲ မမမသိသေးတဲ့အကြောင်းအရာတွေ အများကြီးရှိသေးတယ်
ကျတော်ပြောပြမယ်”ပြော ဆိုတဲ့သဘောနဲ့သူမမေးငေါ့ပြတော့
“လက်ထပ်ပီးသားဆို ဘာမှာလဲ လက်ထပ်လက်စွပ်”
ဟင်!ဟုတ်တာပဲ သူမရဲ့ ဘယ်ဘက် လက်သန်းကြွယ်ကိုကြည့်မိတော့ ဘာလက်စွပ်မှရှိမနေ
“ကဲ လက်စွပ်ကိစ္စက ထားပါ ညတွင်းချင်းလက်ထပ်ခဲ့ရတာဆိုတော့
အသိသက်သေ ကရော?? သူ့သူငယ်ချင်းလေ
အဲ့တော့ လက်ထပ်တဲ့ကိစ္စ က သူဖျော်ချင်သလို ဖျောက်ပစ်လိုက်လို့ရတယ်မမ”Seongwuပြောနေတျာတွက အမှန်ပဲမလို့သူမ တစ်ခွန်းမှပြန်မပြောနိုင်
“ပီးတော့ မမကို သူ့မိသားစုနဲ့ပေးတွေ့ပြီးပြီလား”
သူမမှာပြောစရာစကားမရှိ အမှန်ပဲလေထိုကောင်လေးပြောနေတာတွေက
ဟိုနေ့ကပြောတဲ့သူ့အမဆိုတာလဲ သူ့အပြောလေနော်
“မတွေ့ရသေးဘူးမလား”
တကယ်ပါ ပါးစပ်ဆယ်ပေါက်မကလို့ အပေါက် ၁၀၀ရှိခဲ့ရင် တောင်သူ့မှာပြောစရာမရှိ
ရုတ်တရက်ကြီး လေထုထဲမှာ Oxygen တွေနဲလာသလိုပဲ
