ကျနော့်နာမည်က နွေဦးနှောင်း ကျနော်ဟာ 21 ရာစုက
လွတ်လပ်တဲ့ အမျိုးကောင်းသားလေးတစ်ယောက်ပေါ့ဗျာ
အသက်အားဖြင့် 23 နှစ်ရှိပြီဖြစ်သော်လဲ မနေ့တနေ့ကမှ
House ဆင်းပြီးဆေးကျောင်းပြီးခဲ့တဲ့ ကောင်လေးတစ်
ယောက်ဆိုရင်လဲ မမှားပါဘူး . .ဖြူ ဥဥ အသားရေနဲ့ ခန္ဓာကိုယ်သေးသေးလေးက အရပ် 5
ပေ 5လက်မနဲ့လိုက်ဖက်စွာပဲ ချစ်စရာကောင်းတဲ့ ကောင်
လေးတစ်ယောက်ပေါ့ လောလောလတ်လတ်ကမှ ဆေး
ကျောင်းပြီးထားတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပေမဲ့
မိသားစုဝင် 4ယောက်ရှိတဲ့အထဲ အငယ်ဆုံးသားလေးလဲ
ဖြစ်တော့ တစ်အိမ်လုံးရဲ့ သဲသဲလှုပ်အသည်းကျော်လေးလဲ
ဖြစ်သည် . . .အမဖြစ်တဲ့သူက မြန်မာစာမေဂျာနဲ့ ကျောင်းပြီးထားပြီး
Ph D အတွက် စာတမ်းပြုစုနေသူလဲဖြစ်သည် သူ့ကိုလဲ
တအားအလိုလိုက်ချစ်တဲ့ မမလဲဖြစ်တော့ နွေဦးနှောင်းဟာ
အိမ်မှာ အဆိုးလေးဖြစ်မှန်းမသိဖြစ်ပေမဲ့ လိမ္မာရေးခြားလဲရှိ
တဲ့သူပါ . .ပါးပါးနဲ့ မားမား ကတော့ တက္ကသိုလ်တစ်ခုရဲ့
Major ပါမောက္ခ တွေပဲဖြစ်သည်အဲ့လို အပျော်တွေပဲရှိခဲ့တဲ့ ကျနော့်ရဲ့ဘဝမှာ ပထမဦးဆုံး
သောအနာဂတ်မဲ့တယ်ဆိုတာ ဘာလဲသိအောင် ပြပေးခဲ့တဲ့
အချိန်ကာလတစ်ခုကို ကျနော် နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရ
သည် .ကျောင်းပြီးတာနဲ့ တာဝန်ကျရာ မြို့လေးတစ်မြို့က
အစိုးရဆရာဝန် တစ်ယောက်ဖြစ်တော့မဲ့အချိန်မှာမှ နိုင်ငံကို
ရှောင်တခင် စစ်အာဏာသိမ်းခြင်းဖြစ်လာခဲ့သည် . .ပြောရရင် မတရား စစ်အာဏာသိမ်းခြင်းပေါ့ဗျာ . . နိုင်ငံရဲ့အနိုင်ရပါတီလဲဖြစ် ပြည်သူတွေကတင်မြှောက်ထားတဲ့
အရပ်ဖက်အစိုးရလဲဖြစ်တဲ့ ပါတီဝင် ခေါင်းဆောင်တွေနဲ့
သမ္မတကို စစ်တပ်က မတရား ဖမ်းဆီးသွားခဲ့သည် . .
အဲ့အတွက် ကျနော်တို့ရဲ့အနာဂတ်တွေပျောက်ဆုံးလို့မဖြစ်
ဘူး . .ကျနော်တို့ချစ်ရတဲ့သူ ကျနော်တို့ရဲ့မိသားစု ကျနော်
တို့ရဲ့မျိုးဆက်တွေနဲ့ ကျနော်တို့ ပြည်သူတွေကတင်မြှောက်
ထားတဲ့ အရပ်ဖက်အစိုးရက ခေါင်းဆောင်တွေကို ကယ်
တင်ဖို့ ပြည်သူတွေ သန်းနဲ့ချီပြီး ဆန္ဒပြမှုတွေ နိုင်ငံအနှံမှာ
ဖြစ်ပေါ်လာခဲ့သည် . . .
YOU ARE READING
ဌာနီပြည်ကြီးက ဝေးသနှင့်
Historical Fictionဌာနီပြည်ကြီးက ဝေးသနှင့် - Intro " သမိုင်းရှိလျှင် သမိုင်းသိရမည် " တဲ့ ကျနော်တို့ရဲ့ မြန်မာပြည် သမိုင်းမှာ အထူးထင်ရှားခဲ့တဲ့ ခေတ်ကြီး 6 ခေတ် ရှိခဲ့ဖူးသည် ပုဂံ ပင်းယ အင်းဝ တောင်ငူ ညောင်ရမ်း ကုန်းဘောင် ဆိုတဲ့ ခေတ်ကြီး 6 ခေတ်မှာ ကျနော်သိပ်သဘောကျခဲ့...