ဌာနီပြည်ကြီးက ဝေးသနှင့် - အပိုင်း ၂

728 54 0
                                    

နွေဦးနှောင်း တို့အိမ်ရှေ့ကနေ ကားလေးက တရွေ့ရွေ့နဲ့
မြို့ထဲ 63 လမ်း New Ocean နားက သံရုံးတွေရှေ့
ရောက်လာခဲ့ကြသည် . . ကားကို New Ocean မှာ
parking ထိုးရင်း နွေဦးတို့ 3ယောက်လုံး ကားပေါ်က
နေ ဆင်းလာခဲ့လိုက်သည် . .

" ရွှေစင် . .နင် ဖျာပါခဲ့လား . .

အေးပါတယ် ချစ် . . ငါတို့စားဖို့သောက်ဖို့မုန့်တွေကအစ
ငါတခါတည်းထည့်လာခဲ့တယ် . . . "

သူတို့နှစ်ယောက်ပြောစကားကို နွေဦး အာရုံမရဘဲ လမ်း
ဘက်ကဆန္ဒပြတဲ့သူတွေဆီကိုသာ ခေါင်းလေးတထောင်
ထောင်နဲ့ငေးကြည့်နေခဲ့မိသည် . . .

" board ပြားတွေရောပါခဲ့သေးလား . . .

အေး အကုန်ပါတယ် ကားနောက်ဖုံးထဲမှာပဲ ငါအကုန်ထည့်
ထားတယ် . .

အေးအေး . . ဟဲ့ နွေဦး လာ board ပြားတစ်ခုလာယူ . 

အေးအေး . . "

နွေဦး သင်းဇော် ဆီကနေ board ပြားတစ်ခုယူလိုက်ရင်း
သူတို့ 3ယောက်လုံး New Ocean ထဲကနေ သံရုံးတွေ
ရှေ့နားကိုထွက်လာခဲ့လိုက်သည် . . လူတွေတော်တော်များ
များ လာပြီးဆန္ဒပြကြတာကြောင့် လူအုပ်စုထဲကို မတိုက်မိ
အောင် ဂရုတစိုက်နဲ့တိုးနေခဲ့ကြသည် . .

သင်းဇော်ကတော့ ကျနော့်ကို ပျောက်သွားမှာစိုးတာကြောင့်
လက်တစ်ဖက်ကနေ ဆွဲခေါ်လာရင်း ရွှေစင်က အရှေ့ကနေ
ဦးဆောင်ပြီး လူတွေကြားထဲ တိုးသွားနေခဲ့သည် . .ခဏ
ကြာတော့ လူတွေသိပ်မရှိတဲ့ Platform ပေါ်မှာ ဖျာ
လေးခင်းရင်း ထိုင်နေကြတဲ့လူအုပ်စုတွေထဲ လွတ်တဲ့
နေရာမှာ ရွှေစင်က ဖျာကိုခင်းလိုက်ကာပါလာတဲ့ ပစ္စည်း
တွေကို နေရာအရင်ချခဲ့လိုက်သည် . . .

" လာ . .ဒီမှာ ငါတို့နေရာအရင်ယူမယ် . .ငါတို့ဘေးက
အုပ်စုထဲမှာ ငါနဲ့သိတဲ့ အမတစ်ယောက်ပါတယ် သူ့ကို ငါ
တို့ပစ္စည်းတွေခဏကြည့်ခိုင်းပြီး သံရုံးတွေရှေ့ ဆန္ဒသွားပြ
ကြမယ် . .

အေးအေး . . ."

ရွှေစင်က အစစအရာရာသူပဲ ဦးဆောင်ရင်း ကျနော်နဲ့
သင်းဇော်ကို သံရုံးတွေရှေ့ကို ခေါ်လာပေးခဲ့သည် . . ထိုစဉ်
ကျောင်းက သူငယ်ချင်းတွေနဲ့ပြန်တွေ့တာကြောင့် ကျနော်
တို့ နှုတ်ဆက်ရင်း ကျောင်းကအဖွဲ့နဲ့ပဲ သံရုံးတွေရှေ့ကို
ထွက်လာခဲ့သည် . . .

ဌာနီပြည်ကြီးက ဝေးသနှင့် Where stories live. Discover now