ဌာနီပြည်ကြီးက ဝေးသနှင့် - အပိုင်း ၅

418 45 4
                                    

ဆန္ဒပြ ပြန်လာပြီးနောက်နေ့ ပါးပါးနဲ့မားမားကိုရော မမကို
ပါ နွေဦး ကူညီပေးခဲ့တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး
အကြောင်းကိုပြောပြရင်း နွေဦး ပီတိဖြစ်နေခဲ့မိသည် .

ဒီကြားထဲ နွေဦး တို့ဆန္ဒပြမသွားတာတောင် တစ်ပတ်
လောက်ရှိပြီ အဓိကက မမကြောင့်ပေါ့ မမက တစ်ပတ်
လောက်တော့ အိမ်မှာနားပါအုံးဆိုတာနဲ့ နွေဦးလဲ မမစကား
ကိုနားထောင်ပြီး အိမ်မှာတစ်ပတ်လောက်နားခဲ့လိုက်သည်

နောက်နေ့တော့ သင်းဇော် တို့နဲ့အတူ ကျောင်းကဆန္ဒပြ
အဖွဲ့နဲ့join ဖို့ပြောထားခဲ့လိုက်သည် . .ညဘက် မမ
နွေဦး အခန်းထဲ နွားနို့လာပို့ပေးတော့ . . .

" မမ. . .

ပြောလေ . . .မောင်လေး . .

မနက်ဖြန် ဆန္ဒပြသွားအုံးမယ်နော် . . မမ ပါးပါနဲ့မားမားကို
လဲကူပြောပေးပါအုံးနော် . .နော် . .နော် . .  "

နွေဦး မမလက်လေးကို ကိုင်ကာချွဲနေခဲ့လိုက်သည် . .

" ဟုတ်ပါပြီ . .မမ ကူပြောပေးပါ့မယ် . .မောင်လေးသာ
မမတို့ကို စိတ်ပူအောင်မလုပ်နဲ့နော် . . .

ဟုတ်ကဲ့ . . ဒါမှ တို့မမကွ . .အာ့ကြောင့် မမကို ချစ်နေရ
တာ . ."

နွေဦး မမ ပါးလေးကို မွှေးမွှေးပေးလိုက်ရင်း ပျော်နေခဲ့မိ
သည် . .

နောက်တစ်နေ့ မနက်ရောက်တော့ နွေဦး ကို ခါတိုင်းလိုပဲ မမက အိတ်တွေကို သေချာပြင်ဆင်ပေးပြီး ပါးပါးနဲ့ မားမား
ရဲ့မှာတမ်း ခြွေပြီးတဲ့နောက် နွေဦး ရွှေဇင် တို့နဲ့အပြင်ထွက်
လာခဲ့လိုက်တော့သည် . .

ကျောင်းနားက မုန့်ဆိုင်နားမှာ နွေဦး တို့ကားကိုရပ်ထားခဲ့
ရင်းဠကျောင်းက ဆန္ဒပြအဖွဲ့နဲ့ နွေဦး တို့သုံးယောက်သား
လိုက်လာခဲ့လိုက်ကြသည် . . ကျောင်းပေါင်းစုံ ဆန္ဒပြပွဲလဲ
ဖြစ်တာကြောင့် မန္တလေးမြို့ထဲက အဓိကလမ်းမတွေပေါ်မှာ
နွေဦး တို့ကျောင်းကလှည့်ပြီး ဆန္ဒပြနေခဲ့ကြသည်. . .

နေ့လည်ဘက်ရောက်တော့ ခဏနားကာ နွေဦး တို့နေ့
လည်စာစားဖို့ Pizza House မှာ ဝင်ထိုင်ရင်း မုန့်စား
နေခဲ့ကြသည် . .

ဌာနီပြည်ကြီးက ဝေးသနှင့် Where stories live. Discover now