ဌာနီပြည်ကြီးက ဝေးသနှင့် - အပိုင်း ၉

305 39 3
                                    

မျက်စိရှေ့မှာ ဒဏ်ရာနဲ့ တော်တော်လေးနာနေရှာတဲ့
လူကြီးကို နွေဦး ကြမ်းပြင်ပေါ် အသာလှဲချပေးလိုက်ရင်း အဲ့လူကြီးရဲ့အင်္ကျီစကို ဒဏ်ရာမြင်ရတဲ့အထိ အသာလှန်ပေးခဲ့လိုက်သည် . .

အမှတ်မထင်မြင်လိုက်ရတဲ့ ဓားဒဏ်ရာအပြင် အဲ့လူကြီးရဲ့အမြောင်းလိုက်ထနေတဲ့ six packs တွေရော ကြွက်သားအဖုထစ်တွေနဲ့မို့မောက်နေတဲ့ ရင်ဘတ်ကြီးကိုပါမြင်လိုက်တာမို့လူက အာတွေခြောက်ကာ ရေတောင်ဆာလာမိသည် . . နွေဦးအကြည့်တွေကို မြန်မြန်လွှဲလိုက်ရင်း ဒဏ်ရာကိုပဲ စူးစိုက်ကာကြည့်နေခဲ့မိသည်

ဓားဒဏ်ရာက အရမ်းပြင်းတာမို့ သွေးတွေကလဲ အတားဆီးမရှိတစိမ့်စိမ့်နဲ့ထွက်လာလိုက်တာများ မြင်လို့မကောင်းတာတော့ အမှန်ပါ . . .ဒီပုံစံအတိုင်းသာဆိုရင် ဒီလူကြီးရဲ့အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေနေပဲ . . .

နွေဦး လွယ်အိတ်ထဲမှာ အသင့်ပါလာတဲ့ ခွဲစိတ်ခန်းသုံး ကိရိယာအိတ်လေးကို ဖြန့်ချလိုက်ပြီး အရက်ပြန်ရယ်
အပ်နဲ့အပ်ချည်ကိုပါတခါတည်းပြင်ထားခဲ့လိုက်သည် . .
အရင်ဆုံး ဒဏ်ရာကို သွေးတိတ်အောင်မလုပ်ခင် အရင်
သန့်ရှင်းပေးရမည် . . 

" ဟိုလေ . .ဒဏ်ရာကို အရင်သန့်ရှင်းပေးမှာမလို့ နဲနဲလေးနာတာမျိုး စပ်တာမျိုးဖြစ်မယ်နော် . .အဲ့ဒါ ကြိုပြောပြပေးတာပါ . . .

ကိုယ်တော်က ယောက်ျားပါကွာ . .သူရဲကောင်းရွေးတုံးကတောင်လက်ညိုးပေါ်ကိုသံတည်ပြီးတူနဲ့ထုတာတောင် တစ်ချက်မျက်နှာမပျက်ခဲ့တဲ့ အာဂသတ္တိနဲ့ ယောက်ျားမျိုးပါကွ . . .

ကဲပါ . .ဟုတ်ပါပြီ . . "

ဒီက စေတနာနဲ့စိုးရိမ်လို့ သတိပေးတာကို ဒင်းက သူ့
အကြောင်းကို ချီးမွမ်းခန်းဖွင့်ပြီး ဂုဏ်ဆာပြနေသေးသည် .

နွေဦး အရင် အရက်ပြန်နဲ့ ဒဏ်ရာကို အသာဆေးပေး
တော့ မျက်နှာကြီး ရှုံ့မဲ့ပြီး တစ်ချက်တွန့်သွားတဲ့လူကြီးကိုကြည့်ပြီး ရယ်ချင်စိတ်ကို မနည်းထိန်းထားလိုက်ရသည် . .သူရဲကောင်းတွေလဲ အရက်ပြန်ကြောက်ကြတာပါပဲလား . .တော်ကြာ သူ့ကိုလှောင်တာလားဆိုပြီး ဒေါသထွက်နေမှဖြင့် သူ့ဘေးနားက လူက ဓားနဲ့ရွယ်မှာလဲစိုးရသေးသည် .

ဌာနီပြည်ကြီးက ဝေးသနှင့် Where stories live. Discover now