ဌာနီပြည်ကြီးက ဝေးသနှင့် - အပိုင်း ၁၀

329 41 4
                                    

ဗညားစော ဆိုတဲ့လူကြီး ခေါ်လာရာနောက်ကို နွေဦး လိုက်လာရင်း စားဖိုဆောင်လို အိုးကြီးအိုးငယ်အသွယ်သွယ် လူအင်အားတချို့နဲ့ဟင်းတွေများစွာ ချက်ပြုတ်နေတဲ့ နေရာဆီကို နွေဦး တို့ရောက်လာခဲ့ကြသည် . . .

ခဏကြာတော့ နွေဦး ကို ဒီက စားဖိုဆောင်မှူးဆိုတဲ့
အဒေါ်ကြီးတစ်ယောက်ဆီမှာ အပ်ခဲ့ရင်း ဗညားစောဆိုတဲ့လူကြီးက နွေဦး ကိုနှုတ်ဆက်ရကောင်းမှန်းတောင်မသိဘဲ ထွက်သွားခဲ့သည် . . .

နွေဦး အရှေ့မှာရှိနေတဲ့ အမျိုးသမီးကြီးက နွေဦးရဲ့ပုံစံကို စေ့စေ့ကြည့်ရင်း အကဲခတ်နေသည်မို့ နွေဦး မချိတင်ကဲ သွားလေးတွေပေါ်တဲ့အထိ ပြုံးပြရင်း မျက်နှာချို သွေးနေခဲ့မိသည် . . .

အလိုလေး . .ရုပ်ဆင်းရူပါကာအား နတ်သက်ကြွေသလားထင်ရအောင် တင့်တယ်ပြည့်စုံတဲ့အလှလေးပါတကား . . မိန်းကလေးဆိုပါကာမှု အပြစ်ပြောစရာမရှိတဲ့ ပြစ်မျိုးမှဲ့မထင် အလှကေသရီတစ်ပါးဖြစ်ထိုက်ကာ နိုင်ငံရဲ့မိခင် ဖြစ်လာနိုင်ပေမဲ့ ယောက်ျားလေး တစ်ယောက်မှာတော့ ဒီလို ရင်သပ်ရှုမောဖွယ်ရာ အလှတရားသည်ကား နှမျောမိရုံမှတစ်ပါး အန္တရယ်များလွန်းပါပေဘိ . .

ဝါဝင်းပြီး နို့နှစ်ရောင်ဘက်သန်းနေသောအသားရည်၏
ကောင်းခြင်း မျက်နှာအစိတ်ပိုင်းတစ်ခုချင်းစီ၏ ပန်းပုထုထားသလို သပ်ရပ်ပိရိလှပပါပေ၏တကား . .ဒီလိုအလှလေးကား ယောက်ျားလေးလို့ပြောရမှာတောင် သူမ မဝံ့ရဲပါ . . အို . .ယောက်ျား မိန်းမ မှားပြီးတော့များ လူဝင်စားဖြစ်လာလေသလား ကလေးရယ် . . .

အခုထိ မိမိကို စေ့စေ့ကြည့်ပြီး အကဲခတ်လို့မပြီးသေးတဲ့ အဒေါ်ကြီးကို နွေဦး သွားလေးဖြီးပြီး ရယ်ပြထားတာ ပါး
စပ်တောင်ညောင်းချင်လာသည် . . .

" အဒေါ် . . ဒေါ်ဒေါ် . . .

ဟင် . . .အေးကွဲ့ . . ."

အရီးမယ်လုံ တစ်ယောက် အလှလေးရဲ့စကားသံကြားမှ သတိလက်လွတ်ငေးကြည့်နေရာကနေ ပြန်ပြီး အသိဝင်
လာကာ မိမိအရှေ့က အလှလေးကို ဂရုစိုက်ခဲ့မိသည် . .

" သားအမည်နာမက နွေဦးနှောင်း ပါ . .ဒါနဲ့ ဒေါ်ဒေါ်
အမည်နာမကရော . .

ဌာနီပြည်ကြီးက ဝေးသနှင့် Where stories live. Discover now