နောက်ဆုံး ကိုယ်ဝန်ဆောင်အမ ကို နွေဦး တို့အားလုံး
ကူညီပေးလိုက်တာကြောင့် ကလေးကို အောင်မြင်စွာ မွေး
ထုတ်ပေးနိုင်ခဲ့ကြသည်" အူဝဲ . .အူဝဲ . .အူဝဲ . . . "
အငိုသန်လှပြီဖြစ်တဲ့ ကလေးလေးဟာ နွေဦး ရဲ့ရင်ထဲကို
ပျော်ရွှင်တဲ့ ပီတိတစ်ခုပေးစွမ်းလိုက်သလိုပါပဲ . . ပထမဆုံး
မိမိသင်ထားတဲ့ပညာရပ်နဲ့ ကလေးတစ်ယောက်မွေးထုတ်
ပေးနိုင်လိုက်တဲ့အပြင် လူနာရဲ့အသက်ကိုပါ ကယ်ပေးနိုင်
ခဲ့တာကြောင့် နွေဦးရင်ထဲမှာ အပျော်တွေဟာ အတိုင်း
ထက်အလွန်ပါပဲ . . ." အမ . . ယောက်ျားလေး မွေးပါတယ် . . ."
အသံအောင်လှတဲ့ကလေးလေးကတော့ နွေဦး လက်ထဲမှာ
သွေးအလိမ်းလိမ်းနဲ့မို့ ဘေးနားက ရေနဲ့သေချာသန့်စင်
ပေးရင်းကလေးကို အနှီးထုပ်လေးနဲ့ပတ်ကာ သေချာထွေး
ပွေးနေခဲ့သည်ဗိုက်ကြီးသည် အမကို ဘေးနားက ကောင်မလေးတွေက
သေချာ ချွေးတွေသုတ်ပေးရင်း အားပေးစကားတွေပြော
ပေးနေခဲ့ကြသည် . . . နွေဦး လက်ထဲက ကလေးလေးကို
သေချာကြည့်နေတုံး နွေဦး လက်ညိုးလေးကို သူ့လက်သေး
သေးလေးနဲ့ ကြမ်းကြမ်းဆုပ်ကိုင်လိုက်တာကြောင့် နွေဦး
အံ့သြသွားခဲ့မိသည် . . ." အမရဲ့သားလေးက လူချောလေးပဲ . . "
နွေဦး ဘေးနားက နာရီကို ကောက်ကြည့်တော့ . . .
" မွေးဖွားချိန် 2နာရီ 45 မိနစ် . .တနင်္လာသားလေးပါ မမ . . ."
အမကို အားလုံး ဝိုင်းထူပေးရင်း နွေဦး လက်ထဲက ကလေး
ကိုအမ လက်ထဲထည့်ပေးခဲ့လိုက်သည် . . ကလေးကို ပွေ့
ပိုက်ရင်း မျက်ရည်တွေကြားကနေ ငေးကြည့်နေတဲ့ မိခင်
တစ်ယောက်ရဲ့မေတ္တာကို နွေဦး အပြည့်ဝမြင်လိုက်ရတာ
ကြောင့် ရင်ထဲတော်တော်လေး ပီတိလဲဖြစ်ခဲ့ရပါသည် . .ထိုစဉ် နွေဦး အနားကို ရွှေဇင် နဲ့သင်းဇော် ရောက်လာတာ
ကြောင့် နွေဦး အံ့သြသွားခဲ့သည် . ." ငါတို့နင့်ကို လိုက်ရှာနေတာ . .နင်က ဘယ်လိုလုပ်
ဒီရောက်နေတာလဲ . . .ဟယ် . .နွေဦး နင့်လက်မှာသွေးတွေ . . ဘာဖြစ်တာလဲ . .
ငါ ဒီအမကို ကလေးမွေးပေးခဲ့တာ . . .
YOU ARE READING
ဌာနီပြည်ကြီးက ဝေးသနှင့်
Historical Fictionဌာနီပြည်ကြီးက ဝေးသနှင့် - Intro " သမိုင်းရှိလျှင် သမိုင်းသိရမည် " တဲ့ ကျနော်တို့ရဲ့ မြန်မာပြည် သမိုင်းမှာ အထူးထင်ရှားခဲ့တဲ့ ခေတ်ကြီး 6 ခေတ် ရှိခဲ့ဖူးသည် ပုဂံ ပင်းယ အင်းဝ တောင်ငူ ညောင်ရမ်း ကုန်းဘောင် ဆိုတဲ့ ခေတ်ကြီး 6 ခေတ်မှာ ကျနော်သိပ်သဘောကျခဲ့...