ဌာနီပြည်ကြီးက ဝေးသနှင့် - အပိုင်း ၁၁

748 67 20
                                    

နွေဦး လဲရုတ်တရက် ဘာလုပ်လို့လုပ်ရမှန်း မသိတာမို့ ဟိုလူ့ကြည့်လိုက် ဒီလူ့ကြည့်လိုက်နဲ့ ရှိနေခဲ့မိသည် . . .

" မောင်မင်းက ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ . . မောင် မင်း နဲ့ ဒီနေရာက ဘာများအပ်စပ်ပါဘိ . .

ဟို . . စောစောက လူတစ်ယောက်မူးလဲသွားလို့ စိုးရိမ်ပြီး ပြေးလာကြည့်မိတာပါ . . .

ယောက်ျားတစ်ယောက်ဖြစ်ပါဘိ မောင်မင်းအဘယ်
ြေောင့်များ စူးစမ်းရပါဘိ . . .မောင်မင်းဟာ ကိုယ့်တန်
ဖိုး ကိုယ်မသိတာပဲ . .

ဗျာ . . ."

လူကို ဘလိုင်းကြီး ဟိန်းလားဟောက်လား လုပ်နေတဲ့ အဂ္ဂ ဆိုတဲ့လူကြီးနဲ့လဲ စကားပြိုင်မပြောချင်တာမို့ ရန်နဲ စကားစဲ ဆိုသလိုနွေဦး မကြားချင်ယောင်သာဆောင်နေခဲ့လိုက်တော့သည် . . .

" မောင်မင်းနဲ့ ပြီးကျမှ ထပ်ပြောမယ် . .သွားလို့ရပြီ . . "

နွေဦး လဲသွားလို့ရပြီဆိုတာနဲ့ အဲ့လူကြီးအနားကနေ
တချိုးတည်းပြေးထွက်လာခဲ့လိုက်တော့သည် . .  လူကို အတင်းကြီး ပြောဆိုနေတာမို့ အဲ့လူကြီးနဲ့ကိုအတူတူကိုမရှိချင်ဘူး . . .ဘယ်ဘဝကရေစက်ဆိုးတွေပါလိမ့် . .

နွေဦး လဲပြေးမိပြေးရာပြေးလာရာ နောက်ထပ် ကွင်းပြင်
တစ်ခုအနားကို ထပ်ရောက်လာခဲ့မိသည် . .ဒီတစ်ခါ စစ်
ရေးလေ့ကျင့်နေကြတာက အသက်ရွယ်ကောင်းတဲ့ လူငယ်တွေစစ်ရေးလေ့ကျင့်နေတာ မဟုတ်ဘဲ အသက်ငယ်သေးတဲ့ ကလေးလေးတွေစစ်ရေးလေ့ကျင့်နေကြတာကြောင့် နွေဦး မျက်လုံးလေးတွေပြူးကျယ်လာခဲ့ရသည် . . .

အလွန်ဆုံးရှိကာမှ ဒီကလေးလေးတွေရဲ့အသက်က 10နှစ်ကျော် 12 နှစ် 13နှစ် လောက်လေးတွေပေါ့ . .ဒါမဲ့လဲ ဒီဘက်ခေတ်က 12နှစ် 13နှစ် အရွယ်တွေက နွေဦး ထက်တောင် ခန္ဓာကိုယ်အရရော အရပ်အရပါ ကြီးချင်နေတာတွေ့ခဲ့ရသည် . အခုထိ ကလေးရုပ်မပျောက်သေးတဲ့ မျက်နှာလေးတွေကြောင့် ကလေးတွေမှန်းသိသာရတာ မဟုတ်ရင် တကယ့် လူကြီးလေးတွေလိုပါပဲလား . .

ဒီတစ်ခါလဲ နွေဦး အရိပ်ရတဲ့ သစ်ပင်လေးအောက်ကနေ ထိုင်ကြည့်နေတုံး ကလေးတွေ စစ်ရေးလေ့ကျင့်လို့ပြီးပြီထင်သည် နွေဦး ရှိတဲ့ဘက်ကို ကလေးတွေပြေးလာတာမို့ နွေဦး အခုတစ်ခါလဲ ထိုင်ရမလို ထရမလိုဖြစ်သွားခဲ့သည် .

ဌာနီပြည်ကြီးက ဝေးသနှင့် Where stories live. Discover now